Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလီကုလား ဒုက္ခသည်များ ထားရှိမည့်နေရာနှင့် ပတ်သက်ပြီး ကန့်ကွက်

$
0
0



ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို ကျောက်ဖြူမြို့နယ်မှာ ရှိတဲ့ ချိန်ကာရီဒေသမှာ နေရာချထားဖို့ စီစဉ်နေတဲ့ အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ကျောက်ဖြူမြို့နယ် အုန်းတောအုပ်စုမှာရှိတဲ့ ချိန်ကာရီမှာ   ပြန်လည်နေရာ ချထားပေး မယ်ဆိုတာကြောင့် အနီးဝန်းကျင်က ရွာပေါင်း ၃၀ က လူတွေ ထောင်ချီစုဝေးပြီး ကန့်ကွက်ခဲ့ကြပါတယ်။
မနေ့ကနဲ့ ဒီနေ့ ၂ ရက်လုံး ရွာသားတွေ ကန့်ကွက်ဆန္ဒပြကြတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာတွေက ဒေသခံတွေဟာ သူတို့ရဲ့ တံငါလုပ်ငန်းအတွက် အဲနေရာကို မှီခို အားထားနေရတယ်။ ဒေသခံတွေရဲ့ နယ်မြေဆုံးရှူံးတော့မယ်ဆိုပြီး လက်မခံဘူး။ နောက် အဲနေရာမှာ လာထားရင် အဲနားကဒေသခံတွေဟာ လယ်လဲလုပ်ကိုင်တော့ ရာသီမရွေးလုပ်ရတာလေ၊ မိုးချုပ်တဲ့အခါလည်း ရှိမယ်။ ဒေသခံအမျိုးသမီးတွေအတွက် ဘယ်လိုမှ ကိုက်ညီမှာမဟုတ်ဘူး။ ကျနော်တို့ ပတ်ဝန်းကျင် အစဉ်အဆက်မှာ မရှိခဲ့တဲ့အတွက် ဘယ်လိုမှ လက်မခံဘူး။”
ကျောက်ဖြူ၊ မြေပုံနဲ့ စစ်တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ချိန်ကာရီမှာ   နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ သွားရောက်ကန့်ကွက်ခဲ့တဲ့ ပှိုက်စေ့ကေရွာက ဦးဇင်းတပါးက “ဦးဇင်းတို့နဲ့က ဘာသာရော၊ လူမျိုးရော မတူဘူးလေ။ သူတို့နဲ့ ဦးဇင်းတို့နဲ့ ပဋိပက္ခတွေဖြစ်ထားတာ အများကြီး။ ဒါကြောင့် ဒီမှာနေရာချထားတာမလုပ်ဖို့ ကန့်ကွက်ဆန္ဒပြတာ” လို့ ပြောပါတယ်။
တူရကီအစိုးရ အကူအညီနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မတ်လဆန်းပိုင်းတုန်းကလည်း  ကျောက်တော်မြို့မှာ  သံဃာတော်တွေ အပါ အ၀င် မြို့သူမြို့သားတွေရဲ့ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 


From:DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>