Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တာချီလိတ်မြို့တွင် ဆံပင်ညှပ်ပေးနေသူအား သေနတ်သမား တစ်ဦးမှ ပစ်ခတ် သွားရာ ပွဲ ချင်းပြီးသေဆုံး

$
0
0
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟု လည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတ စ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေ သူ အား သေနတ်ဖြင့်(၃) ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး  သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ေ ပးနေ စဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင် ကယ်ဖြင့်   ရောက်ရှိ လာပြီး   သေနတ်ဖြင့် အနား ကပ် ၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေး သွားခဲ့ပြီးနောက်
စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့ တွင် လည်း သေနတ် မှန် ၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲ ချင်းပြီးသေဆုံးနေ    သည်ကို တွေ့ရှိ ရ သည်။
 
သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်း ကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့် တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံ ဘက် ကို ဘုန်းကြီး သွား ၀တ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ ထဲမှာမဟုတ် ဘူး၊ တောထဲ မှာလို့ လည်ြးေ ပာ တယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင် ကိုတော့ မနေ့ ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစား စရာပဲ"ဟု သိရသည်။
အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ ထင် တယ် ဗျ၊ တာချီလိတ်မှာ က တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစား စရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့ သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာ သို့ လာရောက်ကြည့်ရှု့သူ အမျိုးသား တစ်ဦး မှလည်း ပြောကြားသွားသည်။
လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊
သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကိုထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦး ထုပ်ေ ဆာင်း ထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေး ထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက် ကြည့် သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာ ကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံ စံအတိုင်း ပဲ ဒီရက်ပိုင်း က ဒီနေ ရာ ကို ဝှေ့ လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထား မိတယ်"  ဟု ပြောကြား လာ သည်။
ဆံပင် ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေး သွား ခဲ့ သည် ဟု လည်း သိရသည်။
From: Thit Htoo Lwin blog

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>