Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိမ်ဖော်မလေးအား ဓားဦး ချွန်ဖြင့် ထိုးဆွ မှုပြုကြောင်း၊ မိန်းမအင်္ဂါစပ် အားလည်း ဆေး လိပ်မီးနှင့် ထိုး ထာြးေ ကာင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထု

$
0
0
အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံ ရသော နွမ်း ပါးအိမ်   ဖော်မိန်းကလေး တစ် ဦး အား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင် အမျိုးသ မီးဖြစ် သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူ မတင် တင်ထွေး မှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊ ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥ သည့် အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံန မူနာ အဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။
““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ် ညှင်းဆဲ တာ ကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုး စား ခဲ့ ပါ တယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုး သမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမ ချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သေ လာက် ဒီကလေး စရောက်တဲ့   နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိ သူတွေ သွားတော့လည်း အိမ် ရှင်အ မျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရ တဲ့ အိမ်ဖော် မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက် နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအ မျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့ သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။
အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင် ရွက် ထား ရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော်    ကျော်ခိုင်တို့အား Hot News မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စ ခန်း မှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့ သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ်မလုပ် သည် ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်း မ အင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့် ထုကြော င်း သိရှိခဲ့ သည်။
From:HotNewsWeekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...