Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း

$
0
0
မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ဖောက်ခွဲမှုနဲ့ စွပ်စွဲ ပြစ် ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက်   ပြောဆိုမှုနဲ့ ပတ် သက်ပြီး ပြည်တွင်း သတင်း ဂျာနယ် ရဲ့ ဖော်ပြချက်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး  ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။ 


ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ ..... 

ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ်  ပြန့်ပြန့်ဖော်ပြခဲ့တာတွေ့ရပါတယ်။

ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင် ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေ ပါတယ်။ 


ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက်ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေ ပိုမိုများပြား လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန်ဖို့လိုပါတယ်။

မီဒီယာများ အနေနဲ့ ဒီလိုပြောဆိုချက်များကို သတင်းရေးသားတဲ့အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေကြား မှာ ထိတ်လန့်မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထားသင့်ပါတယ်။

အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်းများ ရဲ့ခေါင်းဆောင် များ ရဲ့ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ်သဘောထား ကိုလည်းေ  မးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးမှာပုံနှိပ်မီဒီယာများရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံတိုက် တွန်းအပ် ပါတယ်။
 
 
From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>