Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလီ ကုလား အများစု နေထိုင်သော ဒက္ကားအဆောက် အအုံပျက်ထဲမှ အလောင်း ၈၀ ထပ်တွေ့၊ သေဆုံးသူ ၅၂၅ ဦးထိ ရှိသွားပြီ

$
0
0


ဒက္ကားမြို့ အပြင်ဘက်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပြိုကျသွားတဲ့ အဆောက် အအုံ အပျက်အစီးတွေကို စက်ကရိယာတွေကို သုံးပြီး ဖယ်ရှားနေရာမှာ မေလ ၃ ရက် မနေ့က တစ်နေ့တည်းမှာ အလာင်း ၈၀ ကိုရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အခုဆိုရင် အဆောက်အအုံ ပြိုကျတဲ့ အတွက် သေဆုံးသူ အရေအတွက်ဟာ ၅၂၅ ဦးရှိသွားပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ပါတယ်။

ရက်ကြာလာတာနဲ့ အမျှသေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်။ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကို ခွဲခြား မသိနိုင်တော့ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ အလုပ်သမား နာမည်ကဒ်ပြားတွေကို ကြည့်ပြီး ခွဲခြားနေရတယ်လို့ ပြောပါတယ်။
အလုပ်သမား ကဒ်ပြား မရှိတဲ့သူတွေကိုတော့ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်တော့ဘူးလို့ ဆိုပါတယ်။ အလောင်းတော်တော်များကတော့ ပျက်စီးကုန်ပြီလို့ ပြောပါတယ်။

အလောင်းတွေကို ပြိုကျသွားတဲ့ အပျက်အစီးတွေကြားထဲမှာ ရှာဖွေတွေ့ရှိနေပြီး သေဆုံးသူ အရေအတွက်ဟာ ပိုပြီးများလာနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူများက ပြောပါတယ်။
အဲဒီ အဆောက်အအုံဟာ ဧပြီလ ၂၄ ရက်နေ့က နံနက် ၉ နာရီခန့်မှာ စပြိုတာ ဖြစ်ပြီး သေဆုံးသူ အများစုဟာ အောက်ဆုံး အထပ်က လူတွေ ဖြစ်ပါတယ်။ အဆောက်အအုံထဲက ထွက်ပြေးစဉ်မှာ ပြိုကျလာတဲ့ အဆောက်အအုံ နံရံတွေ ပိကျပြီး သေဆုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆောက်အအုံ ပြိုကျတဲ့ နေ့က အတိုက်အခံ ပါတီက သပိတ်ခေါ်ထားတဲ့ အတွက် အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေကို ပိတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဆိုင်တွေသာ ပိတ်မထားခဲ့ရင် လူတွေဟာ ဒီထက် ပိုသေသွားနိုင်တယ်လို့ ပြောပါတယ်။
အခုအခါမှာ Rana Plaza ပိုင်ရှင် Rana နဲ့ သူရဲ့ အဖေ၊ သူရဲ့ ဇနီး၊ တခြား အထည်ချုပ် စက်ရုံပိုင်ရှင်တွေ အပါအ၀င် လူပေါင်း ၁၀ ကျော်ကို ဖမ်းဆီးထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မူ အားလုံးကိုလည်း အရွှေ့အပြောင်း မလုပ်ဖို့ တရားရုံးက အမိန့်ထုတ်ထားသလို ဘဏ်အကောင့်တွေကိုလည်း ပိတ်ထားဖို့ ဘင်္ဂလာဒေခ်ျ့ ဗဟိုဘဏ်ကို တရားရုံးက ညွှန်ကြားထားပါတယ်။
From:News Collection

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>