Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငြိမ်းချမ်းရေး အတွက်လိုင်ဇာထိ လမ်းလျောက်တစ်ဝက် ကားစီတစ်ဝက် သွားသော အဖွဲ့ ရောက်ရှိ

$
0
0

 ကေအိုင်အို လိုင်ဇာမြို့ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာတဲ့ ဦး သန့် ဇင်ခေါင်းဆောင် တဲ့ ငြိမ်းချမ်းေ ရးအဖွဲ့ဟာ ဗန်းမော်မြို့ ကတဆင့် ဗန်းမော်- မြစ်ကြီးနား ကားလမ်း ပေါ် ကဒေါ်ဖုန်း န်ရွာကို မနေ့ မတ် ၈ ရက်နေ့ ည ကရောက်ပါတယ်။ အဲဒီအဖွဲ့ မှာ သံဃာ ကိုးပါးနဲ့ အရပ်သား ၄၄ဦးပါဝင် ပါ တယ်။

 ဒီနေ့ မနက် ခုနှစ်နာရီခွဲမှာ ဒေါ်ဖုန်းယန်ကထွက်ခွာပါတယ်။ ဒီနေ့ နေ့ နေ့ လည် တစ်နာရီခွဲမှာ တပ်မတော် လ ဂျားယန်စခန်းနဲ့ ကေအိုင်အို လိုင်ဇာမြို့ ကြားမှာ ရှိတဲ့ မိုးလဲချောင်းတံတားနေရာ ကို ရောက် ပါ တယ်။ အဲဒီတံတားရဲ့ မြောက်ဘက်ခြမ်းမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ထောင် ထားတဲ့မိုင်း များ ရှိနေသေးတဲ့အတွက် မိမိစစ်သည်များတောင် သွားလာခြင်းမရှိသလို စစ်သည်များ မလိုအပ် ဘဲ ဖြတ်သန်းမှုများမရှိစေဖို့ အတွက် ၀ါးခြံစည်းရိုးနဲ့ တားဆီး သတိပေးတားမြစ်ထားပါတယ်။

    ဒါ့ကြောင့် လဂျားယန်စခန်းက တာဝန်ရှိတဲ့ တပ်မတော်အရာရှိများက အခြေအနေကို ရှင်းပြပြီး ဆက်မသွားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်များနဲ့ သံဃာတော်များက လမ်း အတိုင်းပဲ ဆက်သွားမယ်လို့ ပြောပြီး နေ့လည် တစ်နာရီ လေးဆယ့်ငါးမိနစ်မှာ ပထမ၀ါးခြံစည်းရိုးကို ဖယ်ရှားပြီး ဆက်လက် ထွက်ခွာ သွားပါတယ်။

    အခုအချိန်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ပထမခြံစည်းရိုးနဲ့ ဒုတိယခြံစည်းရိုးကြားမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒုတိယခြံစည်းရိုးကျော်ပြီး ဆက်သွားရင်အ န္တရာယ်ရှိတဲ့အတွက် တာဝန်ရှိသူ များက ကချင်ပြည် နယ် အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လိုကြောင်းကို သမ္မတကြီးက လည်း ပြောကြားပြီြး ဖစ်ကြောင်း၊ နှစ်ဘက်လုံးကလည်း လက်ခံတဲ့အတွက် အခု အချိန် မှာ ကချင်ပြည်နယ် အတွင်း တိုက်ခိုက် မှုများမရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ ဒုက္ခသည် များကို အကူအညီပေးဖို့ အတွက်လ ည်း နိုင်ငံတ ကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်   နေပြီ ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေး လမ်းလျှောက် သူများရဲ့ ဆန္ဒပြည့်ဝနေပြီဖြစ်လို့ မလိုအပ်ဘဲ စွန့်စားရန်မသင့်ကြောင်း   လျှောက်ထား ရှင်းပြေ နပါတယ်။

From:Ye Htut(သမ္မတပြောရေးဆိုခွင့်ရှိသူ)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>