မီဒီယာကို အလျှော့ပေးဆက်ဆံတတ်သည့် ပြန်ကြားရေးဒုဝန်ကြီး မီဒီယာသမားများကို စတင်စိတ် ပျက်နေပြီဖြစ်ကြောင်း ဦးရဲထွဋ်၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် ရေးသားထားသည်။ အမည်ဖော်ပြ မထားသည့် ပြည်ပအခြေစိုက် သတင်းဌာန တစ်ခုမှ စိတ်ပျက်ဖွယ် အပြုအ မူကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းလင်းထားသည်။
ပြည်ပသတင်းဌာနကြီးရဲ့ မြန်မာပိုင်းအစီအစဉ်က သတင်းထောက်တစ်ဦးက ဖုန်း ဆက်ပြီး ပြည်ထောင် စုလွှတ်တော်ခေါ်ယူတဲ့ကိစ
ဒါ့ကြောင့် အိမ်မပျက်စီးတဲ့သူများပြန်နေနိုင်ပေမယ့် ပျက်စီးနေအိမ်တွေကို ပြန်လည်နေရာချပေး ဖို့ ရှိသေးတယ်၊ ဒေသအခြေအနေတည်ငြိမ်အောင်လုပ်ဖို
အစိုးရက လုံခြုံရေးကို အကာအကွယ်မပေးဘူးဆိုပြီးပြောတဲ့အ
သတင်းသမားတွေအပေါ် စိတ်ရှည်ရမယ်ဆိုတာသိပေမယ့် ဒီလိုအတင်းစွတ်စွဲမေးတာမျိုးနဲ့
ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံသို့ ခေတ္တပြန်ရောက်နေသော Myanmar Media Watch ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ်သည့် Myanmar Express အယ်ဒီတာ ကတော့
"မြန်မာမီဒီယာသမားတွေအကြောင်းကို ဦးရဲထွဋ်က အခုမှ သိတာတော့ ဟုတ်မယ်မထင်ပါဘူး... ဒါပေမယ့် အခုတော့ တော်တော်လေးသိနေပြီပေါ့ဗျာ... အလွန်အင်မတန် တိကျမှန်ကန်ပြီး တဖက်လူကို ထိခိုက်အောင် လုံးဝ မလုပ်ဘူးဆိုတဲ့ ဝန်ကြီး ဦးအောင်ကြည်လည်း တစ်နှစ်အတွင်းမှာ တော်တော်လေး စိတ်ပျက်နေတာကို သတိထားမိတယ်ဗျ... ကျွန်တော်တို့က အစကတည်းက မီဒီယာသမားတွေအကျင့်ကို သိလို့ သူတို့နဲ့ထိုက်တန်တဲ့ အရေးအသားတွေနဲ့ပဲ တုန့်ပြန်နေတာပါ... သူတို့ကို အလျှော့ပေးဆက်ဆံပေမယ့် အကောင်းရေးမခံရဘူးလေ.. ကျွန်တော်တို့က သဘောထားတင်းတင်းဆက်ဆံတော့ ပိုပြီး မကောင်းရေးတာပေါ့... ကျွန်တော်တို့ Agency က Journalists တွေလည်း ပင်ပန်းနေလို့.. Myanmar Express ကို ရပ်နားဖို့ ကျွန်တော် အကြိမ်ကြိမ် စဉ်းစားပါသေးတယ်... အခုလို မီဒီယာတွေကြောင့် တိုင်းပြည်ပျက်မှာဆိုးတဲ့ စိတ်နဲ့ ဆက်လက်ရပ်တည်နေတာပါ... " ဟု ပြောခဲ့သည်။
မြန်မာမီဒီယာသမားများသည် ကိုယ်တိုင်ကျင့်ဝတ်သိက္ခာမရှိသည့်အပြင် သတင်းကို အရှိအတိုင်းတင်ပြဖို့ထက် ၎င်းတို့လိုသည့်ဖက်မှ ဆွဲယူ တင်ပြလေ့ရှိကြသဖြင့် အလျှော့ပေး ဆက်ဆံရန်မသင့်ဆုံး စာရင်းတွင် မီဒီယာ သမားများက ထိပ်ဆုံးမှ ပါဝင်ကြောင်း နှင့် အစိုးရအနေဖြင့် ကျင့်ဝတ် သိက္ခာမရှိသည့် မီဒီယာများကို သိက္ခာရှိရှိမတုန့်ပြန်သင့်ပဲ ၎င်းတို့၏ အပြုအမူနှင့် ထိုက်တန်သော Myanmar Express ကဲသို့ တုန့်ပြန်သင့်ကြောင်း ဝေဖန်မှုများရှိနေပါသည်။
www.mmdailystar.com