Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာစစ်တပ်မှ ဒီကေဘီအေကို ရာဇသံပေးပြီ

$
0
0

DKBA တပ်သားတွေ စစ်ရေးပြ နေပုံမြန်မာ အစိုးရ စစ်တပ်က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထဲက ဒီကေဘီအေတွေ အားလုံးကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွား ခိုင်းထားပါ တယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသမှာ အခြေစိုက်တဲ့ ဒုဗိုလ်မှူးကြီး စောဘိ ဦးဆောင် တဲ့ ဒီကေဘီအေ အဖွဲ့နဲ့ အဲဒီက ခွဲထွက်ပြီး နယ်ခြားစောင့် အသွင်ပြောင်းသွားတဲ့ ဘီဂျီအက်ဖ် ကရင်နယ်ခြား စောင့်တပ် တွေဟာ နယ်မြေ လုရင်း မကြာခဏ တိုက်ပွဲ ဖြစ်နေတာရယ် ၊ ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းတုံးက နှစ်ဖက်ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးတဲ့နောက်မှာတော့ အခုလို အစိုးရ စစ်တပ်က

ဒီကေဘီအေတွေကို အခုလို ဒီဒေသထဲကနေ ဖယ်ရှားတဲ့အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေကို ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောဆန်းအောင် ကို ဘီဘီစီက မေးကြည့်တဲ့ အခါမှာ သူက မြိုင်ကြီးငူမှာရှိတဲ့ တပ်ဖွဲ့တွေဟာ ကျွန်တော်တို့ ၂၉ ရက်နေ့ ကထဲက ဖယ်ပေးခဲ့တယ်။အခု ဒီ ကျုံဖေါ်၊ မိဇိုင်းမှာ ထပ်ဖယ်ခိုင်းတယ် ၊ ဟတ်ကြီး ရေကာတာ တည်ဆောက်ရေး နယ်မြေရှင်းလင်းတဲ့ ပုံစံမျိုးနဲ့ တရားမဝင် တပ်ဖွဲ့တွေ ၂ ရက်နေ့ ၅ လပိုင်း ၂၀၁၃ ခုနေ့ကနေ ၄ ရက်နေ့ ၅ လပိုင်း၂၀၁၃ ခု နေ့လယ် ၁၂ နာရီ နောက်ဆုံး ထားပြီးတော့ အဲဒီက တပ်တွေ ဖယ်ပါ ဆိုပြီးတော့ ခလရ ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ကျွန်တော်တို့ကို တရားမဝင် အဖွဲ့အစည်းဆိုတဲ့ ပုံစံမျိုးနဲ့ စာရေး ပေးပို့လာတယ်လို့ သူက ဆိုပါတယ် ။ဒါနဲ့ ဘီဘီစီက အဲလို ဖယ်ခိုင်းတော့ ဗိုလ်မှူးတို့အနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲလို့ မေးမြန်းကြည့်တဲ့အခါ သူက ကျွန်တော်တို့ ဘယ်လို ထပ်ဖယ်မလဲ ခင်ဗျ ၊ ကရင်စစ်သားတွေ ကရင်ပြည်နယ် မှာတောင် နေလို့မရရင်၊ ဘယ်မှာသွား နေမလဲ ၊ ကျွန်တော်တို့ကို အဲလို ဖယ်ခိုင်းမယ် ဆိုလို့ရှိရင် ကရင်ပြည်နယ် ထဲမှာ ရှိတဲ့ ဗမာ့ တပ်မတော်တွေ၊ ဒီဗမာတိုင်းကိုပြန် မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း တို့ကို ပြန်ပါ ဆိုလို့ရှိရင် သူတို့ ပြန်မလား ဆိုပြီး သူက မေးခွန်းပြန်ထုတ် ခဲ့ပါတယ်။

အစိုးရစစ်တပ်က ဒီကေဘီအေတွေကို လှိုင်းဘွဲမြို့နယ်ထဲက ထွက်ခွာသွားဖို့ ပြောပေမဲ့ ဘယ်နေရာကို သွားပါလို့ ပြောကြားတာ မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။ဒါကြောင့် အစိုးရဟာ မြိုင်ကြီးငူ ကော့ကရိတ်နဲ့ ဘုရားသုံးဆူ ဒေသတွေက ဒီကေဘီအေတွေ အားလုံးကို ဗိုလ်ချုပ် နှုတ်ခမ်းမွှေးရဲ့ ကလို့ထူးဘော ဒေသတနေရာထဲမှာ စုစည်း ထားချင်တာကြောင့် ပထမ အဆင့် ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ နယ်စပ်က အကဲခတ်တွေက ပြောဆိုမှုတွေ ရှိနေပါတယ်။လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်ပြည်နယ် လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီးအောင်လွင်နဲ့ ဆက်သွယ်ပြီး ညှိုနှိုင်းနေတယ်လို့ ဒီကေဘီအေ ဖက်က    ပြော ပါတယ်။အကယ်၍ မပြေလည်လို့ အစိုးရဖက်က တိုက်လာမယ်ဆိုရင်တော့ ခုခံသွားရမယ်လို့ ဒီကေဘီအေ ဒုဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

From: BBC Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>