အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြိုးစားခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့သော် လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လျှက် ရှိပါတယ်။ အချို့ဓာတ်ပုံများတွင်တော့ မြန်မာနိုင်ငံကို ဂျီ ဟတ် စစ်ပွဲ ဆင်နွှဲ လို ကြောင်း ဓာတ်ပုံများ ဖော်ပြထားပြီ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ၊ ပုံတူ များဖြင့် ဆန ပခြင်း၊ နိုင်ငံတော် အလံကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အစိုးရမှ တရားဝင် တုန့်ပြန်မှု မရှိသေးပေမယ့် အင်တာ နက် သုံးသည့် မြန်မာနိုင်ငံသားများ အကြား ပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်လျှက် ရှိပါတယ်။ တစ်ချိန် တည်းမှာ ၈၈ ကျောင်းသားအဖွဲ့က Father Land ကုပဏီက အမေရိကန် ခရီးစဉ်အတွက် အလှူငွေ သိန်း ၃၀ လက်ခံ ရရှိ မှုမှာလည်း ပျံ့နှံ့လျှက် ရှိနေတာကြောင့် ဘင်္ဂလီ အရေးမှ မွတ်ဆလင်-မြန်မာ အရေး၊ မွတ် ဆလင်-မြန်မာ အရေးမှ နိုင်ငံရေးအမည်ခံများ၏ ဘာသာခြား အကူအညီဖြင့် ဆူပူမှုများ လုပ်ဆောင်ခြင်းကို ကန့်ကွက်ရေး တို့ ဖြစ်ပေါ်လျှက် ရှိပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ ဒတ်ခ်ျ နယ်ချဲ့တို့လက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ဒတ်ခ်ျအစိုးရက မြန် မာနိုင်ငံ လေယာဉ်ကွင်းအား အသုံးပြုပြီး နှိမ်နှင်းရန် ကြိုးစားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှ ဒတ်ခ်ျ တို့၏ တောင်း ဆိုချက်ကို ကန့်ကွက်သဘောမတူဘဲ ဆူဟာတို အစိုးရကို ထောက် ပံ့ပေးခဲ့ ပါတယ်။ အပြန် အလှန်အားဖြင့် လည်း မြန်မာ့ ရောင်စုံ သောင်းကျန်း သူ နှိမ်နှင်းမှုသမိုင်းမှာလည်း အင်ဒိုနီး ရှားက လေယာဉ် များဖြင့် ကူညီပေးခဲ့သည့် အပြန် အလှန် ချစ်ကြည်မှုများလည်း ရှိပါတယ်။
www.mmdailystar.com