ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကဇင်းကျေးရွာ တွင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရဲ တပ်ဖွဲ့ အပေါ် စော်ကားပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့် နေမျိုးဇင်၏ အမှုအား ယနေ့တွင် ပန်းတနော် တ ရား ရုံးမှ အမိန့်ချ မှတ် လိုက်ပါသည်။ တရားရုံးမှ အမိန့်ချမှတ်ခဲ့မှုတွင် နေမျိုးဇင်အား ဒဏ်ငွေ ၂ သောင်း (သို့ မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေ ဟု အမိန့်ချမှတ်ခဲ့ပြီး နေမျိုးဇင်မှ ထောင်ဒဏ် ၃ လကို ရွေးချယ် ခဲ့သည့် အတွက် ယခု မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ရာတွင် လက်ပြန်ကြိုးတုတ်ပြီး သံခြေကျင်းခတ်ကာ ထောင်သားတို့၏ ပုံစံအတိုင်း ခေါ်သွား ခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်အတွက် “ အရင်တုန်းက သူ့ကိုယ်သူရိုက်ခိုင်းပြီး တင်တဲ့ ဗီဒီယို ရှိတယ်။ ရဲ တစ်ယောက် လက်ထိပ်ခတ်တော့ ငါ့လက်နာနေပြီကွ ဆိုပြီး ငိုသံပါကြီးနဲ့ပြောတာ။ အခုတော့ ဘယ်လို မျက်နှာ နဲ့ ပါသွားလဲ မသိဘူး ” ဟု ၄င်း၏ လက်ထိပ်ခတ်တုန်းက ငိုသံနဲ့ပြောဆိုခဲ့သည့် ဗီဒီယိုအား ကြည့်ခဲ့ သူ ၁ ဦးက ဆိုသည်။
ဗိုလ်ကြီးဟောင်း အမည်ခံ နေမျိုးဇင်၏ ထောင်ဒဏ် ၃ လ အား ရွေးသည့် အကြောင်းနှင့် စပ်လျှဉ်းပြီး မေးမြန်း ရာ “ဒဏ်ငွေ ၂ သောင်းဆောင်လိုက်လို့ ဘာအကျိုးမှ မရှိဘူး။ ထောင်ထဲဝင်လိုက်ရင် အလုပ်လဲ လုပ် စ ရာ မလို၊ အ ထောက် အပံ့တွေကလည်း ရ၊ မီဒီယာတွေ ၀ိုင်းဖွရင် နာမည်ကြီးပြီး ဆုရနိုင်တာပေါ့ ” ဟု အချို့က ဆိုပါ သည်။ အချို့သူများကတော့ “ အခုက ထောင်ကျရင် ပျော်တဲ့ခေတ် ရောက်နေပြီ။ နော်အုံး လှတို့ ၊ရဲမင်းဦး တို့ ၈၈ တို့ ၊ အကုန်လုံးက ဖမ်းပါစေ ထောင်ချပါစေ ဆိုပြီး အတင်း အမှုရှာနေကြတာ။ နေမျိုးဇင် ကတော့ အကြိုက် ဖြစ် သွားတာပေါ့၊ ဒါပေမယ့် သူသိပ်ကံကောင်းမယ် မထင်ဘူး ”ဟု ဆိုပါ သည်။
ပြည်သူလူထုမှ ထိုသို့ ဆိုကြသော်လည်း နေမျိုးဇင်၏ ညီဖြစ်သူ ခင်မောင်ဌေးဟု အမည်ရှိသူ မှ “ပြည် သူတွေ အားလုံး ၀ိုင်းပြီး တောင်းဆိုဖို့ ကျွန်တော့်အစ်ကိုက မှာခဲ့ပါတယ်။” ဟု ပြောခဲ့သည်။
နေမျိုးဇင်သည် ရဲတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် စော်ကားခြင်း၊ ပါးစပ် စည်းကမ်းမရှိခြင်းနှင့် ၄င်း၏ အသက် ထက် ၀က် ငယ်သော အရာရှိငယ် တစ်ဦး၏ ဓာတ်ပုံကို အသုံးပြုပြီး တိုက်ခိုက် ပြောဆို ခဲ့ခြင်း တို့ကြောင့် မြန် မာ့ တပ်မတော် အရာရှိများ၏ အမြင်မကြည်မှုကို ခံရကာ၊ ပြည်သူအများစု ကလည်း နှစ်သက်လက် ခံခြင်း မရှိပေ။

Lu Zoe Mg Mg မင်္ဂလာရှိတဲ့ သတင်းပါ။ ၃ လ လောက်တော့ မျက်စိနောက်သက်သာသွားပြီ။ ထောင်ထဲမှာ ထပ်မမွှေဖို့ပဲ ထိန်းရမှာ။
Zaw Gyiသေဒဏ်ပေးလိုက်ပါလါးးးမြန်မာပြည်ကိုချောက်ထဲတွန်းချနေတဲ့ ရာသက်ပန်ဗိုလ်ကြီးးဟောင်းကို ----ဒါမှမဟုတ်ဆေးးထိုးပီးးသတ်လိုက်
မိုထက် ကင်းဒဏ်ငွေမဆောင်ပဲ...ထောင်ကျခံတယ်ဆိုတော့..ထောင်ထဲကအနေအစားပိုချောင်လို့ ထင်တယ်
Aye Thuနံမည်ကြီချင်တာ
Htinaung Lattထပ်ခါ ထပ်ခါ like လို့  ရလား.....ဟိဟိ....ဘာ ရယ် တော့ မဟုတ်ပါဘူး....စောက်မြင် ကပ် လို့  ပါ.......
KyawKyaw Soe တပ်ထွက် NLD လုပ် တပ်နှင့်ရဲကို အပြစ်ပြောတဲ့ သူ သစ္စဖောက်ကို ထောင်ကိုပို့လိုက်ပြီ ထောင်ပိုင်ကြီး ရေ တန်းစီးကို လက်တို့ပေးဖိုပဲကျန်တော့တယ် လှော်လိုက်တော့ဟေ့ အတော်ပဲ့တဲ့ လူ
Zaw Myo Thwinတပ်မတော်ကမင်းလိုလူကိုမွေးထုတ်ပေးတာဝမ်းနည်းတယ်ကွာ မင်းသစ္စာဆိုခဲ့တာစူးလိမ့်မယ်ကွ
Moe Myint သေလိုက် ကြည့်မရတာကြာပြီ ခုအေးရော သုံးလမဟုတ်ဘူး သုံးနှစ်လောက်ဖြစ်ရမှာ
Sayar Rapper ဝမ်းသာလွန်းလို့ ထပ်ခါထပ်ခါ like လို့ရရင်ကောင်းမယ်
Ko Paing Very goooood...
Winmin Thein နည်းလိုက်တာ သူများကို ပြသနာတက်အောင် လိုက်ဖွတဲ့သူက ဒီလောက်ပဲလား
Htinlin Htikeအေးကောင်းတယ်ကွ
www.mmdailystar.com