ဥက္ကမြို့၊ အနော်ရထာရပ်ကွက်၊ ဘုရားကြီးလမ်း၊ ဥက္ကံဈေးအပြင် ဘက်တန်းတွင် ကိုရင်လေး ဆွမ်းခံကြွ တာကို ပနီပင်ရွာ မှ မွတ်စလင်အမျိုးသမီး မဝင်းဝင်းစိန်မှ စက်ဘီးဖြင့်ဝင်တိုက်ရာ ကိုရင်လေး သပိတ်ကျကွဲသွားတော့ ကိုရင်လေးက ကလေးဆိုတော့ ငိုတာပေါ့။
အဲဒါကို ဘေးမှလူများက တောင်းပန်ခိုင်းရာ မွတ်စလင်အမျိုးသမီး မဝင်းဝင်းစိန်က မတောင်းပန် တဲ့အပြင် ပိုက်ဆံတထောင်ပေးပြီး ကိုရင်လေးကို နင့်သပိတ်က ငါ့ဖိနပ်တရံ ဖိုးတောင်မရှိဘူးဆိုပြီး ကိုရင်လေးကို ဆဲဆိုပါရော။
အဲဒီမှာ အနားကလူတွေက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားရာမှ မွတ်စလင်အမျိုးသမီး မဝင်းဝင်းစိန် ကို ရဲများကခေါ်သွားပြီး အာမခံနဲ့ပြန်လွှတ်ပေးခဲ့ရာတွင် မြို့ခံလူထုက မကျေနပ်၍ စပြီးဖြစ်ပါလေရော။ အဲဒါ အမှန်ဆုံးသတင်းပါ။
www.mmdailystar.com