Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

$
0
0

၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ် သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင် သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံဈေးတောင်ဘက်၊ ဘုရားကြီးလမ်းအတိုင်း ဆွမ်းခံကြွလာ စဉ် ဈေးဝယ် လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက်တိုက်မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့်မဝင်းဝင်းစိန်ကို     အရေးယူပေး ရန်    တိုင်တန်း၍ ဥက္ကံရဲစခန်း(ပ) ၁၁၂/၂ဝ၁၃၊   ပြစ်မှု ပုဒ် မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက် ၍ ထွက်ပြေး သွားခဲ့သဖြင့်ဗလီရှေ့ရှိ ၃ × ၃ ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့ နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်းသိမ်းဆောင်ရွ က်လျက် ရှိကြောင်း သိရှိရသည်။

၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်းများအား လူ(၂၅)ဦးခန့်မှ လမ်း မပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိရသည်။

၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ   သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။

၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။

၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်းကောက်ရိုးပုံအနီးတွင် ဒဏ်ရာ ရရှိ သူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။

From: မြန်မာနိုင်ငံရဲတပ်ဖွဲ့

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>