Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သူတို့ပြုံးပြီးကြည့်နေကြတယ်

$
0
0

သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။


ဒီနေရာမှာ ပြောစရာရှိတာက တချို့က ဒီထောင်ဆိုတဲ့အကြောင်းကို ပြောဆိုရာမှာ သူ့ရဲ့ခံစားချက်မူရင်း အတွေ့အကြုံမူရင်းတွေကို ပြန်ဖောက်သည်ချနေပေမယ့် အများစုကတော့ ဒီထောင်ကျတာကိုပဲ အင်မတန်ကြီး မားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတစ်ခုလိုလို ၊ ဟိမ၀န္တာ စွန့်စားခန်းကြီးတစ်ခုလိုလို ၊ငရဲပြည် ကနေ ပဲ နေ့ချင်းညချင်း ပြန်လာသလိုလို ၊ ချဲ့ကားပြောဆိုနေကြတာကိုလည်း တွေ့နေရပါတယ် ၊ဒီလိုလူတွေ ကို ရည်ရွယ်ပြီးဒီဆောင်းပါးကို ရေးပါတယ် ။



ဒီပုံလေးကိုကြည့်စမ်းပါဗျာ...ခင်ဗျားတို့ ထောင်ကချက်ပြီးသား အဆင့်သင့် ထမင်းကို မကောင်းပါဘူးလို့ ညီးညူနေချိန်မှာ ဒီရဲဘော်လေးတွေက ကိုယ်စားဘို့ ဆန်အညံ့စားလေးတွေ ကို ကျောပေါ်လွယ်ပြီးသွား လာနေရတယ် ၊ ဒီလိုနေရာမျိုးမှာ ထမင်းချက်စားဘို့ဝေးစွ မီးဘယ်လိုမွှေးရ မလဲတောင် စဉ်းစားလို့မရပါ ဘူး ဒါပေ မယ့် ဒီရဲဘော်တွေက ခင်ဗျားတို့လို မညည်းဘူး ၊ အော်မနေဘူး ၊ အပြုံးမပျက်ဘူး ။




ကဲဒီပုံကိုလည်း ကြည့်ပါဦး ၊ အန္တရာယ်မများဘူးလား ?..... ထောင်ထဲမှာ အမိုးအကာ နဲ့ ခြောက်ခြောက်သွေ့သွေ့ ၊လုံလုံခြုံခြုံ နေနေရတဲ့သူတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး ၊ အင်္ကျီ အထူကြီးတွေဝတ်ပြီး ခန္တီးထောင်ကဘယ်လိုအေးတာ တို့ဘာတို့ အော်နေတဲ့သူတွေကို ဒီလို မိုးရေထဲမှာ လနဲ့ချီပြီးနေနေ တဲ့သူတွေက ရယ်နေမှာပေါ့ဗျ မဟုတ်ဘူးလား ...၊ ဒါပေမယ့် ခင်ဗျားတို့လို ခိုညည်း ညည်းမနေ ဘူး ၊ ဝေလံခေါင်ဖျားတဲ့ အရပ်တွေကို ပို့ပါတယ်တို့ ၊ မိသားစုနဲ့ ဝေးတယ်တို့ ဒီရဲဘော်တွေ ပါးစပ်က မပြောကြဘူး ။မကွာဘူးလား ခင်ဗျားတို့နဲ့။


ဒါတောင် ဘယ်အချိန် ရန်သူကချောင်းပစ်လိုက်မလဲ ၊ ဘယ်အချိန် မိုင်းတက်နင်းလိုက်မလဲဆိုတာ တထင့်ထင့် နဲ့ သွားနေလာနေရတဲ့ စိုးရိမ်စိတ်မပါသေးဘူး...။




ခင်ဗျားတို့ ထောင်ထဲမှာ လမ်းလျှာက်ချိန်နည်းလို့ ၊ လမ်းလျှောက်ရတဲ့ဧရိယာ ကျဉ်းလို့တိုလို့ ဆူပူအော် ဟစ်နေကြပေမယ့်  မိုးရွာရင်စိုလိုက် ၊ နေပူရင်ခြောက်လိုက် ၊ ချောင်းဖြတ်ရင်စိုလိုက် ၊ မဖြတ်တာကြာရ င်ပြန်ခြောက် လိုက်နဲ့ တစ်နေ့မိုင်ပေါင်းများစွာနဲ့ နေ့စဉ် လမ်းလျှောက်နေရတဲ့ ဒီခြေထောက် ပိုင် ရှင်တွေကတော့ ရယ်နေကြတယ် ။




ဒါ မြန်မာ့တပ်မတော်က ရှေ့တန်းစခန်းကလေးတစ်ခုပါဘဲ...ဘယ်မှာများ စားရသောက်ရ နေရထိုင်ရတာ ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလဲ ၊ ဘယ်မှာလာပြီး အဟာရဖြစ်ပါ့မလဲ ၊ဘယ်မှာလာပြီး သောက်ရေသန့်တွေ ရပါ့မလဲ ၊ ဘယ်မှာလာပြီးဂျာနယ်ဖတ်ရပါ့မလဲ ၊ ဘယ်မှာလာပြီး လုံခြုံမှုရှိပါ့မလဲ ၊ ဒါပေမယ့် သူတို့တွေ စစ်သားအခွင့်အရေးဆူံးရှုံးနေပါတယ် ၊ စာအုပ်ထဲမှာပါတဲ့ စစ်သားအခွင့်အရေးတွေမရ ဘူးဆိုပြီး အစာအငတ်ခံ ဆန္ဒပြတာများ တစ်ခါတစ်လေ ကြားဘူးကြသလား ၊ ထောင်ထဲကနေ အကျဉ်းသား အခွင့်အရေးမရလို့ အော်နေတဲ့သူတွေကို ဒီစစ်သည်လေးတွေက ပြုံးနေမှာပေါ့ဗျာ... မဟုတ်ဘူးလား ။





ဒါ တပ်မတော်စစ်ကြောင်းတစ်ခု ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦးဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့ အ၀တ်အ စားတွေ ၊ စစ်ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ... ၊ စုတ်ပြတ်နေ တာပါ ဘဲ ... ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်းတပ်သားတွေလို သွားချင်တဲ့နေရာကို ရဟတ် ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့ လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေ ပါတဲ့ ခေတ် မီ ချပ်ဝပ်တန်ဆာတွေနဲ့ သွားရရင် ကောင်းမှန်း သိတာပေါ့ ... ၊ ဒါပေမယ့် တိုင်းပြည်ဆ ရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက မရနိုင်တာတွေတောင်းပြီး မိဘကို စိတ် ဆင်းရဲစေမယ့် အလုပ်တွေ သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ် ယူနေကြ တာကိုး...။


ဒီလိုဖြစ်နေတာတောင် စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျားတို့ ကို   မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျားတို့ရဲ့ ထောင်တွင်းဟိမ၀န္တာ စွန့်စား ခန်းတွေ ကို ပြည်ပအသံလွှင့် ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြတယ် ၊ လှောင်ပြုံး မဟုတ်ပါ ဘူး ... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။



From:ဒေါက်တာဆိတ်ဖွား
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>