Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဥာဏ်ကြီးရှင် ကျော်မင်းဆွေ ရေ ခင်ဗျားရဲ့ ဦးနှေက် နဲ့ စဉ်းစား ဥာဏ်ကိုတော့ ပြတိုက့်ပို့ပြီး မှတ်တမ်းတင်ရမလားတောင် မသိတော့ပါဘူးဗျာ" (ဆရာဝန်တစ်ဦး)

$
0
0

 
 ဥာဏ်ကြီးရှင် The Voice Weekly က Editor ကြီး (ကျော်မင်းဆွေ) ရေ...

ကျွန်တော်တို့ လူနာအားကိုးရတဲ့ ဆရာဝန်ဖြစ်အောင်ဘယ်လောက်ကြိုးစားခဲ့ရလဲဆို့တာ ဖြုတ်ဦးနှောက် ပဲ ရှိပြီး ဖွဘို့လောက်သိတဲ့ ခင်ဗျားတို့ သိမှာမဟုတ်ပါဘူး။ ၆ နှစ်လုံးလုံးကိုယ့်မိဘအထောက်အပံ့ရယ် တစ် ဖက် က ကိုယ်တိုင်အလုပ်လုပ်ပြီးရလာတဲ့ ငွေကိုအသုံးချပြီးကျောင်းပြီးအောင်တက်ခဲ့ရတာပါ ခင်ဗျားတို့ ဆီ က ဘာအကူအညီများရခဲ့လို့လဲ? ကျောင်းပြီးလို့ အလုပ်သင်ဆရာဝန်ဘဝရောက်တော့လဲ ချီးမြှင့်လစာ တစ် လ မြန်မာငွေ ၁၁၅၀ နဲ့ တစ်နှစ်ပတ်လုံး ဆေးရုံမှာ နေ့ရောညပါ တိုင်းပြည်တာဝန် ပြည်သူ့အကျိုးကို ထမ်ေ ဆာင် ခဲ့တာပါ။

တစ်နှစ်ပတ်လုံး ၁၅၀၀၀ မပြည့်တဲ့လစာနဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို တတ်နိုင်သလောက် စောင့်ရှောက့် ခဲ့ တာပါ။ ဆင်ရဲနွမ်းပါးတဲ့ လူနာတွေဆို မရှိမယ့်ရှိမယ့် ကိုယ်အိတ်ကပ်ထဲ ကပိုက်ဆံကိုသုံးပြီး လူနာ အတွက် စိုက်ခဲ့ရ ပါသေးတယ်။ အခုဘွဲ့ရပြီး ဆရာဝန်တစ်ယောက်ဖြစ်တော့လဲ ကိုယ်အား ကိုယ်ကိုးပြီး ကိုယ် ဘဝ ကိုယ် မနဲရပ်တည်နေရတာပါ။အခုလက်ရှိ မြန်မာပြည်မှာရှိတဲ့ ဆရာဝန်တွေ ကိုပေးထားတဲ့ လစာ က လည်တော် များတာကို၊ လူတန်းစေ့နေနိုင်ဖို့ကို တော်တော်ကြိုးစားနေရတယ် အခုထိ မေ နနိုင်သေး ပါဘူး။ ဆရာဝန်တစ်ယောက်ရဲ့လစာဟာ driver တစ်ယောက်ရဲ့ဝင်ငွေထက်နဲရင်နဲနေမှာပါ။

ဒါပေ မယ့် လစာနဲလို့ ငွေမက်ပြီးအလုပ်မဝင်နိုင်တဲ့ဆရာဝန်တွေချည်ဘဲဆို ဆေးရုံမှာဆရာဝန်ရှိ မှာတောင် မဟုတ် ဘူး။ ဒါပေမယ့် ဆရာဝန်တွေက လစာအနည်းအများကိုဂရုမစိုက်ဘဲ ကိုယ့်ဘာဘဲဖြစ်နေဖြစ်နေ တိုင်းပြည် နဲ့လူမျိုးအတွက် တတ်နိုင်သလောက်ဆောင်ရွက်နေတာပါ။ကျွန်တော်ဆေး တက္ကသိုလ် အမိဆေး တက္ကသိုလ်ကြီးက

(၁) ဆရာဝန်တစ်ယောက်ရဲ့စောင့်ထိန်းရမယ့်ကျင့်ဝတ်ကို သင်ပေးလိုက်ပြီးသားပါ။ဆေးကျောင်း နားေ တာင် မကပ်နိုင်တဲ့ ဥာဏ်ကြီးရှင် editor ကြီး (ကျော်မင်းဆွေ) မသိတာတော့ ညဏ်ရည်မမှီ ဗဟုသုတမ ရှိလို့ ဘဲနေ မှာပေါ့။

(၂)ဆရာဝန်တစ်ယောက်ဆေးခန်းတစ်ခုထက်ပိုမထိုင်ရလို့ ခင်ဗျားကရေးတယ်။ မြန်မာပြည် လူဦးရေနဲ့ ဆရာဝန် အချိုး ဘယ်လောက်ရှိလဲ ခင်ဗျားတိုသိလို့လား?ဆရာဝန်အင်အားမလုံလောက်လို့ ဆေးခန်းတွေ ခွဲပြီး ဆရာဝန်တွေ ထိုင်ပေးနေရတာလေ။ စီးပွားရေးဆန်ဆန် ဖိလုပ်နေတာ မဟုတ်ဘူး၊ ကိုယ်ကျို တစ်ခု တည်း အတွက်မဟုတ်။ဆေးခန်းတစ်ခုဘဲထိုင်ရမယ်ဆိုတာတော့ရပါတယ် အပင်ပန်းတောင် သက် သာေ သး တယ်။ အဲဒီဆေးခန်းမလာနိုင်တဲ့လူနာတွေကို ခင်ဗျားစရိတ် ခံပြီးလိုက် ပို့ပေးမှာမို့ လားရွှေဥဏ် ရှင်ကြီး ရယ် စဉ်းစဉ်းစားစားလဲပြောပါဦး။

(၃) ဝင်ငွေခွန်စည်းကြပ်ရန်ပြောရအောင် ခင်ဗျားက ဝန်ငွေခွန်အကြောင်းဘယ်လောက်နားလည်လို့လဲ? အခြားနိုင် ငံတွေမှာ ဝန်ငွေခွန်ကောက်ခံတယ်ဆိုတာ အလုပ်ရအောင်ရှာပေးရတယ်၊ ရတဲ့အလုပ်ကို လုပ် လို့ ရ တဲ့ဝင်ငွေကိုမှရာခိုင်နှုန်းနဲ့ကောက်ခံတာလေ။ ကျွန်တော်ဆိုအခုထိ အလုပ်မရသေးဘူး။ ကျွန်တော် လို ဆရာဝန်တွေမြန်မာပြည်မှာ အများကြီး။ ခင်ဗျားအလုပ်ရှာပေးမလားကျွန်တော်တို့အခွန်ဆောင်ဖို့ လက် မနှေး ပါဘူး editor ကြီးရာ။

အထူးကုမှ သာမန်ဆရာဝန်မှလို့ခွဲခြားလို့မရပါဘူး၊ ဆရာဝန်ဟာ ဆရာဝန်ပါဘဲ။လက်ရှိအဆင်ပြေနေတယ် ချမ်းသာနေတဲ့ဆရာဝန်တွေကလည်းဆရာဝန်အလုပ်နဲ့ချမ်းသာနေတာမရှိသလောက်ပါဘဲ။ မိ ဘဆွေမျိုး သား ချင်း က နဂိုကတည်းကချမ်းသာပြီးသားတွေများပါတယ်။ မြန်မာပြည်မှာ ရှိတဲ့အထူးကု ဆရာဝန် ကြီးတွေ က ပြည်ပမှာအလုပ်သွားလုပ်ရင် ဒီထက်မကတဲ့ အခွင့်အရေးတွေ စည်းစိမ် ချမ်သာတွေ ကိုအ သာလေး ရတယ်။ ဒါတောင်ဆင်ရဲလှတဲ့ ဒီနိုင်ငံမှာနေပြီး နေ့ညမအားဆင်းရဲဒုက္ခခံပြီး၊ပစ္စည်း ကရိယာ မစုံပေ မယ့် မဖြစ်ဖြစ်အောင် လူနာအတွက်ပါလားဆိုပြီး၊ တိုင်းပြည်နဲ့ လူမျိုး အတွက် ဆိုတဲ့စိတ် ကလေး တစ်ခု တည်းနဲ့ တိုင်းပြည်တာဝန်ကိုလက်တွေ့ကျကျ ထမ်းဆောင်နေတဲ့ နိုင်ငံ့သားကောင်းတွေပါ။ ခင်ဗျား တို့ လို ”အာ”သမား စေတနာရှင်တွေမဟုတ်ဘူးနော်။ တကယ့်မေတ္တာရှင်တွေပါ။

တကယ်တော်ပြီးတတ်ကျွမ်တဲ့ ဆရာဝန်တွေသာမရှိရင် ခင်ဗျားမိဘ၊ခင်ဗျားဆွေမျို သူငယ်ချင်းတွေ ကျန်း မာရေးကို ဘယ်သူနဲ့ပြမလဲ။ editor ကြီးဖြေပါဦး။မြန်မာပြည်သူတွေရဲ့ကျန်းမာရေးကို ရမ်ကုတွေ ဗိန္နော ဆရာတွေလက်ထဲထိုးထည့်ချင်းမက ထိုးထည့်နေတဲ့ စေတနာရှင် editor ကြီးရဲ့အကြံကတော့ တော်တော် အံ့မခမ်းလေးစားဖို့ကောင်းပါပေတယ်ဗျာ။ ကျွန်တော်လိုသာမန်ဆရာဝန်တစ်ယောက်တောင် နေ့ရော ညပါ မနားရဘူး။ည ၂နာရီ၃နာရီ လူနာဆိုလဲထကြည်ရတာဘဲ။ ဒါပေမယ့် အဲဒါပိုက်ဆံအတွက်မဟုတ်ဘူးနော် ဆရာ ဝန် ကျင့်ဝတ်နဲ့ လူနာရဲ့အသက်အတွက်ဘဲဆိုတာ ခင်ဗျားမြဲမြဲမှတ်ပါ။လူဘဲနားချင်တာပေါ့ သက်ေ တာင့် သက်သာနေချင်တာပေါ့။ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်မအိပ်ရတဲ့ ဆရာဝန်ဘဝ၊ လူနာ အတွက် ပါလားဆိုတဲ့စေတနာ၊ အနစ်နာ၊ ဆရာဝန်တစ်ယောက်ရဲ့ကျင့်ဝတ်အတွက် အပင်ပန်ခံပြီး လူနာ ကြည့်ေ ပရတာဘဲ။အဲဒီအချိန်ဆို editor ကြီး (ကျော်မင်းဆွေ) ကတော့ သိုးနေအောင်အိပ်နေမှာလေ။ ကေတီဗွီတို့ မာဆက် တို့မှာ လည်းအေးဆေးပျော်ချင်ပျော်နေမှာပေါ့လေ။

(၄) ဆရာဝန်ကြီးကြပ်ရေးကောမတီးဖွဲ့ခိုင်းရအောင် ခင်ဗျားက ကျန်းဦးစီးကလား၊
မြန်မာပြည်မှာ ရမ်းကားနေတဲ့ဆရာဝန်၊ သူများလက်ညှိုးထိုးပြီးလိုက်ပုတ်ခက်ပြောဆိုနေတဲ့ အောက် တန်းစား စိတ်ဓာတ်ရှိတဲ့ ဆရာဝန်တွေရှိနေလို့လား? အသပြာ ဆရာဝန်လို့ပြောရအောင် ကျွန်တော်တို့ အား လုံး ကို အလကား ကုပေမှစေတနာ ဆရာဝန်ဖြစ်တော မှားလား? ကုန်ကျတဲ့ဆေးဖိုးကို ခင်ဗျား က လာပေး မှာ မို့လို့လား စေတနာရှင်ကြီး (ကျော်မင်းဆွေ) ရာ စဉ်းစဉ်းစားစားလဲပြောပါဦး။ ဒါတောင်အောက်ခြေက ကျွန်တော် လို သာမန်ဆရာဝန်တစ်ယောက်ရဲ့ဘဝဘဲရှိသေးတယ်နော်။သာမန်ဆရာဝန်ဘဲဖြစ်ဖြစ် အထူးကု ဆရာဝန် ကြီး ဘဲဖြစ်ဖြစ်သူတို့မိသားစုရဲ့စားဝတ်နေရေးရှိတာဘဲလေ ခင်ဗျားမိသားစုတစ်ခုတည်း ပါးစပ်ပါတာ မဟုတ် ဘူးလေ။ ပိုက်ဆံမရှာတော့ ခင်ဗျားကအိမ်ပေါ်ခေါ်တင်ကျွေးထားမှာလား?


လေးစားလောက်ပါပေတယ်၊ အံ့သြလောက်ပါပေတဲ့ the voice weekly က editor ကြီး (ကျော်မင်းဆွေ) ရေ ခင်ဗျားရဲ့ ဦးနှေက် နဲ့ စဉ်းစား ဥာဏ်ကိုတော့ ပြတိုက့်ပို့ပြီး မှတ်တမ်းတင်ရမလားတောင် မသိတော့ပါဘူးဗျာ။
 
From:.Zaw Nyein Khant

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>