Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့ သည့်ဖြစ်စဉ် အပြည့်အစုံ

$
0
0

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါ သည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။ သို့သော်အသက် ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ်   မှုဖြစ်နိုင် လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအလွှာအသီးသီးမှအသုံး ပြုနေသဖြင့် မိမိထက်သိ မိမိထ က်တက် တက်သိနားလည်သူများရှိပါကကာယကံ ရှင်များအားမိမိ ထက်ပိုမို ကူညီနိုင် ရန်၎င်းမိမိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန် အသိပေးခြင်း သာဖြစ်ပါသ ည်။

 သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ် စု ရေတာ ရှည်ကျေးရွာ မှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့   ဆေးဘက် ဆိုင်ရာနည်း ပညာတက္ကသိုလ် တွင်ဒုတိယနှစ်တွင် တက်ရောက် ပညာသင်ကြားနေေ သာကျောင်း သူမနော်မေ သူသူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာသင်ကြားနေသော ဒုတိ ယနှစ်ကျောင်း သားမောင်ရဲမင်းဦးဖြစ်ပါသည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင် ထွက်သွားခဲ့ပါ သည် မောင်ရဲမင်းဦးမွေးနေ့ သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည် ၁၉.၄.၂၀၁၃ ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေးထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက် ၍`အန်တီ သမီး ကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြို ရန်ပြောကြား ခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန်လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက် ၍၄င်း၏သမီးအား ကားပေါ် တင်ပေးလိုက် တာသေချာလား ဟုမေးသောအခါသေချာကြောင်း၎င်း ကိုယ်တိုင်ကားထွက် မှပြန် လာကြောင်းပြောကြား ခဲ့ပါသည်။

(မှတ်ချက်ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်    ဖူးခြင်း မရှိကြောင်းသိရသည်)



၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့
သွားရောက်၍သမီး၏ သူငယ်ချင်း လိပ်စာဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်းရာ ၄င်းတို့ထံသို့ မလာ ကြောင်း သိရှိခဲ့ရပါ သည် ထို့နောက်မှော် ဘီသို့ပြန်လာ ၍ မှော်ဘီရဲ စခန်းသို့လူ ပျောက် အမှုဖွင့်သော အခါမှော်ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်း ကုန်းမြို့ နယ် ဘုရင့်နောင်ရဲ စခန်းသို့အမှုဖွင့်ရန်စီစဉ်ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင်    နေအိမ်ကိုစုံစမ်း သွားရောက် ၍မောင်ရဲမင်း ဦးနေ အိမ်ကိုစုံစမ်းသွားရောက်၍၄င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ် ဘုရင့် နောင်ရဲ စခန်း သို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး   ကျော်ဆန်းဝင်း ထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည် ၄င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာ ရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေ သူသူဇော် ကိုင်သောဖုန်းအားညနေ၄း၀၀နာရီခန့်က ဆက်၍ရ ကြောင်းသို့ ရာတွင်ယောက်ျား တစယောက် ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချ သွားကြောင်း´   ပြောကြားခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင်သာယာရဲစခန်းတွင်အပ်နှံ ထားကြောင်း၎င်းတို့ထံသို့လှိုင် သာယာခရစ်ယာန် ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန် သွားကြည့် ရန်ပြောခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွား ရာနေ့လည်၂း၁၅အချိန်ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံ တား(လှိုင်သာ ယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍ အပ်နှံ သွားကြောင်းသိရသည် ပစ္စည်းများမှာမေ န်ာမေသူ သူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်းသားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ် ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘုရင့်နောင်ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


 ၂၃.၄.၂၀၁၃ရက်နေ့တွင်မ
နက်၀၉း၀၀ အချိန်ခန့်တွင်ဘုရင့်နောင်ရဲ စခန်းသို့ ဒေါ် နော်မယ်ဆေးနှင့် အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားေ ပးခဲ့ပါသည်ထိုအချိန် တွင် အမှုစစ် ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာ တူးမောင် အားစစ်   ဆေးရန်လှိုင်သာယာရဲစခန်း သို့သွားမည် ဖြစ်သဖြင့် ၄င်းနှင့်အတူ လိုက်သွား ခဲ့ပါ သည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်းတစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်းသတင်းဝင်လာပါသည်





ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည် ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြောသဖြင့်၀၄း၀၀နာရီအချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်း ကို ပြန်ရခြင်းဖြစ် သည် အကယ်၍ကားနောက် မကျပါကမိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မ ဟုတ်ပေ ထိုအလောင်းကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့် တွင်အင်းစိန်ရွာမ အနောက်၆ရပ် ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာတွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်း သို့အကြောင်းကြား ခဲ့ကြ သည် စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်း မှအောင်ဇေ ယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နော င်ရဲ စခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး ၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့် မည် ဆိုသော် လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီး လူပျောက် အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင် များပါရှိပြီး ၄င်းကဒ်များတွ င်နေရပ် လိပ် စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင် များအား အကြောင်း မကြား သနည်း (သိ့မဟုတ်)ကာယကံရှင်များနေထိုင်ရာမြို့ နယ်ရဲစခန်း သို့အ ကြောင်းမကြားသလဲ ၄ လူသေ မှုဖြစ်နိုင်သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင် သလားစာ ဖတ်သူ များ လည်းသေ ချာဖတ် ၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တ ရား တန်ဖိုးထားနိုင်ကြပါစေ။

From:Kothein Htike

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>