Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လာမည့် KIA နှင့် အစိုးရ ဆွေးနွေးပွဲ UWSA နှင့် မိုင်းလား ပါဝင်မည်

$
0
0

မကြာမှီကျင်းပမည့် ကေအိုင်အေ နှင့် အစိုးရ ဆွေးနွေးပွဲ၌ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့တို့ အသိသက်သေအနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံရ ကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။ “ကျနော် ကြားထားတာက ဝ တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ အပြင် အရင်တုန်းက တွေ့ဆုံပွဲမှာ အသိသက်သေ အ နေနဲ့ တက်ရောက်ဖူးတဲ့ RCSS/SSA က ကိုယ်စားလှယ်လဲ ထပ်မံတက်ရောက်မယ်လို့ကြားသိရတယ်” - ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်လှုပ်ရှားသူ ပုဂ္ဂိုလ်တဦး ကပြောပါသည်။ မတ်ခ်ျ တတိယပတ်အတွင်း ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံမည့် ကချင်လွတ် လပ်ရေးတပ် မတော် နှင့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီတို့ တွေ့ဆုံပွဲအား အသိသက်သေ အ နေဖြင့် တက်ရောက်ရန် - UNFC အဖွဲ့ဝင်များမှ တာဝန်ရှိသူများအပြင် RCSS/ SSA သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးစိုင်းဦး၊ အမျိုးသားဒီမို ကရက်တစ် မဟာ မိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း (မိုင်းလားတပ်ဖွဲ့) NDAA-ESS အထွေထွေ အတွင်းရေးမှူး စဝ်ဆိုင်လား၊ စဝ်ခမ်းမောင်၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော် UWSP/UWSA တွင် ဒုစစ်ဦးစီး ချုပ် ကျောက် ကျုံးတန်း နှင့် ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ခေါ် ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု ကြားသိရပါသည်။ “ကျနော်တို့ ကို ကေအိုင်အေက ဖိတ်လာတာပါ။ သွားမှာက သုံးယောက်စီစဉ်ထားတယ်။

ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနဲ့ ပြောရေးဆိုခွင့် ဦးအောင် မြင့် နဲ့နောက်တယောက်သွားမယ်။ အသိ သက်သေ အနေနဲ့ ပဲ သွားတက်ရောက်မှာပါ”- ဟု တရုတ်နယ်စပ်မှ နီးစပ်သူတဦးကပြောပါသည်။ အစိုးရ ဘက်တွင် မူ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင် သည့်အဖွဲ့ တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက် ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်း ထွန်းနောင် နှင့် ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့လည်း တက်ရောက် မည်ဟု ကြားသိရပါသည်။

 ကေအိုင်အို/ကေအိုင်အေ နှင့် အစိုးရတပ်တို့ ၂၀၁၁ ဂျွန် ၉ ရက်နေ့မှ စ၍ ၂၀၁၃ နှစ်ဦးပိုင်းအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ ကေအိုင်အေ၏ အရေးပါတပ်စခန်းများအား အစိုးရတပ်က တိုက်ခိုက်သိမ်း ပိုက်လိုက်၏။ ထိုနောက်ပိုင်း တိုက်ပွဲ အရှိန်လျှော့ကာ ဖေဖေါ်ဝါရီ လ ၄ ရက်နေ့က တရုတ်အစိုးရအ ကူအ ညီ ဖြင့် မူစယ်မြို့ တဘက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဘက် တွေ့ဆုံဆွေးနွေးခဲ့ကြ၏။ ထိုဆွေးနွေး ပွဲ၌ ငြိမ်းချမ်းရေး အတွက် လက်တွဲကာဆက်လက် အကောင်အထည်ဖေါ် သွားဖို့သဘော တူခဲ့ကြ သည့်နောက်ပိုင်း ယခုတဖန်ထပ်မံ တွေ့ဆုံခြင်းဖြစ် ပါ သည်။

From:သျှမ်းသံတော်ဆင့် 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>