ရန်ကုန်မှ လက်ပံတောင်းသို့သွားကာ ဆန္ဒသည့် ကိုအောင်စိုး (အကျိုးဆောင် ကွန်ယက်) နှင့် ဒေသခံနှစ်ဦးကို အကြမ်းဖက်မှုဖြင့် ရဲတပ်ဖွဲ့မှ ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်ဖြင့် အကောင်ထည်ဖော် လည်ပတ်လျှက်ရှိသည့် လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသရှိ ပုဒ်မ ၁၄၄ ထုတ်ထားသော နယ်မြေ အတွင်းသို့ လေးဂွ၊ ထန်း လက်၊ ဒုတ်၊ ခဲ များ ကိုင်ဆောင်ကာ လုံခြုံရေးတာဝန်ကျ ရဲများကို ဝိုင်းဝန်းရိုက်နှပ် ခဲ့ခြင်းဖြစ်သည်။
မြို့လယ်ခေါင် လမ်းသလားပြီး ဆန္ဒပြသည့် အမျိုးသမီးမှ အကျီင်္စကိုဆွဲပြီး ရန်တွေ့တာ ခံရသည်။
လယ်ယာမြေ ပြဿနာအကြား လုံခြုံရေးယူပေးစဉ် ဆန္ဒပြသည့် လူအုပ်စုမှ ၀ိုင်းရိုက်တာကို ခံရသည်။ပါတီ အလံထောင် လူငယ်များကို တားမြစ်ရာမှ အရိုက်အနှက် ခံရသည်။
ယခုတော့ အဆင့်မြင့်လာလေပြီ။ စနစ်တကျ တန်းစီ၍ အဓိကရုဏ်း မဖြစ်စေရန် ကာကွယ်သည့် ရဲကို လေးဂွဖြင့် ပစ်သည်။ ခဲဖြင့် ပစ်သည်။ တုတ်ဖြင့်ရိုက်သည်။ ရေသန့်ဗူးတွင် ဓာတ်ဆီထည့်၍ မီးရှို့ပြီး ပစ်သည်။ စထွက်လာကတည်းက ထန်းလက်ဒုတ်များ အသင့်ယူလာကြသည်။
ဒီမိုကရေစီ အစိုးရ၊ သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားကြီးမှုနှင့် မထိုက်တန်သည့် ဒီမိုကရေစီ မြန်မာ လူထုသည် တစ်နေ့တမျိုး မရိုးရအောင် ပြဿနာ များဖန်တီးလျှက် ရှိ သည်။ ပြဿနာ တစ်ခု ငြိမ်လာလျှင် နောက် ထပ်ပြဿနာ တစ်ခု အလိုလိုပေါ်လာအောင် ဖန်တီးနေကြ သဖြင့် ၈၈ များ၊ ဗကသ များ နှင့် ကွန်ယက် များအနေဖြင့် နုနယ်သေး သည့် မြန်မာနိုင်ငံအား သနား ကြရန် လေ့လာသူများက တိုက်တွန်းထားကြောင်း သိရသည်။
ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် ပထမဆုံး အင်းအားတိုးချဲ့ရသည့် အဖွဲ့မှာ ရဲတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် မအူပင် ပြဿနာတွင်လည်း လယ်သမားတို့ သတ်ဖြတ်မှုကြောင့် ရဲတစ်ဦး သေဆုံးခဲ့ရသည်။
မြန်မာလူထုသည် အတိတ်သမိုင်းတွင်လည်း ဥပဒေ မလိုက်နာခြင်း၊ ပုဒ်မ ကို မလေးစားခြင်း၊ ရဲကို သတ်ဖြတ် ရိုက်နှပ်ခြင်း များရှိခဲ့ပြီး စစ်တပ် နှင့် ကျည်ဆံ အစစ် က သာ စည်းကမ်းမဲ့မြန်မာလူထုကို ထိန်းသိမ်းနိုင်သည့် တစ်ခုတည်းသော အကောင်းဆုံး ပြဿနာဖြေရှင်းနည်းဖြစ်သည်။
ဥပဒေ ပုဒ်မ ၁၄၄ ကို မလေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ဆန္ဒပြကြသော ရဲ တပ်ဖွဲ့ကို ကို အကြမ်းဖက်ရိုက်နှက်သည့် လက်ပံတောင်းအကြမ်းဖက်သမားများကို ထိန်းသိမ်းနိုင်ရေး စစ်တပ်ဝင်ပါဖို့ လိုအပ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်လျှက်ရှိသည်။
www.mmdailystar.com