Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လျော်ကြေးငွေယာပြီးသော်လည်း မကျေနပ်သေးသည့် ရွာသာများ နယ်မြေတွင် လယ်ထွန်၍ အဓိကရုန်းဖြစ်

$
0
0

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာရှိ ပုဒ်မ ၁၄၄ ထုတ်ထားသည့် နယ်မြေတွင် ၀မ်ပေါင်မှဝန်ထမ်းများ ဝင်ရောက်နေသဖြင့် ဒေသခံအချို့ လယ်ဝင်ရောက် ထွန်ယက်ကာမှ သေခံများနှင့် ရဲများ အဓိကရုန်းဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးတော်ဆောင် ကွန်ယက်မှ ကိုထက်က ပြောသည်။

၎င်းက “ဒီနေ့မနက်မှာပဲ ရန်ကုန်ပြည်သူ့ကွန်ရက် က ကိုသူ၊ ကိုအောင်စိုးနဲ့တုံရွာဒေသခံ ကိုသောင်းထိုက်ကို ရဲတွေ ၀င်ဖမ်းပြီး လယ်ထွန်တာကို တာတဲ့အတွက် လယ်ထွန်နေတဲ့ ဆည်တည်းရွာနဲ့ တုံရွာမှာ အဓိကရုန်းတွေ ဖြစ်ခဲ့တယ်” ဟု မဇ္ဈိမကို ဖြေကြားခဲ့သည်။

ဆည်တဲရွာတွင် ခရိုင်ရဲမှူး ပါဝင်သော ရဲတပ်ဖွဲ့မှ လယ်ထွန်ခြင်းအား ဆက်လက် မပြုရန် သုံးကြိမ်တိုင်တိုင် ပြောကြားခဲ့ပြီး ဒေသခံများက ဆက်လက် လုပ်ကိုင်နေသဖြင့် ကိုအောင်စိုးအား ဖမ်းဆီးစဉ် ဒေသခံများနှင့် အချင်းများခဲ့သည်။ ထိုနောက် ရဲတပ်ဖွဲ့မှ နံပါတ်တုတ်များနှင့် သေနတ်ဒင်များဖြင့် ရိုက်နှက်ကာ ဒေသခံများအား ဖယ်ရှားခဲ့ပြီးနောက် မိနစ်အနည်းငယ်တွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကိုထက်၏ ပြောကြားချက်အရ သိရသည်။

တုံရွာတွင်လည်း လယ်ထွန်ခြင်းအား ပါဝင်နေသော မြန်မာနိုင်ငံ ကျောင်းသားများ သမဂ္ဂမှ ကိုသောင်းထိုက်အား ရဲများမှ ဖမ်းဆီးစဉ် ရွာသားများနှင့် အချင်းများခဲ့ရာ ကိုသောင်းထိုက် လွတ်မြောက်သွားပြီး ရဲများမှ ဒေသခံများကို ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှ တဆင့် သိရသည်။

အဆိုပါတုံရွာနှင့် ဆည်တဲရွာတို့တွင် ရွာသားများ လယ်ထွန်ခြင်းမှာ ၂၃ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သုံးရက်မြောက်နေ့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် ယခုလို အဓိကရုန်းများ ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ရဲအင်အား ၅၀၀ခန့်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ရွာ ၁၀ရွာခန့်မှ ဒေသခံများ ပါဝင်ခဲ့ကြောင်း ဒေသခံများမှ တဆင့် သိရသည်။

ဆည်တဲရွာသူ မရီရီဝင်းက “ ကျွန်မပိုင်တဲ့ လယ်မှာ ယာစောင့်တဲ ဆောက်ဖို့ ရွာသားတွေနဲ့ သွားတဲ့အခါမှာ လုံထိန်းတွေက တားတယ်။ ဒါနဲ့ပဲ ကျွန်မတို့ လယ်ကွက်ရဲ့တောင်ဘက်ခြမ်းမှာ ရှိတဲ့ သစ်ပင်ရိပ်မှာ ထိုင်နေတုန်း ကျွန်မတို့ဘက်က ကလေးတယောက်က မှတ်တမ်းဓါတ်ပုံ ရိုက်လိုက်တာကို သဲကြီးမဲကြီး လိုက်ရိုက်ခဲ့တာနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်” ဟု အခင်းစတင် ဖြစ်ပွားခဲ့ပုံကို မဇ္ဈိမသို့ ပြောပြသည်။

ထိုဓါတ်ပုံရိုက်မှတ်တမ်းတင်သူမှာ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုသူဖြစ်ပြီး သေနတ်ဒင်ဖြင့် အရိုက်ခံရကာ မုံရွာဆေးရုံကြီးတွင် ဆေးရုံတင်ထားရကြောင်း မရီရီဝင်းက ဆိုသည်။

ထို့အပြင် ကြေးနီစီမံကိန်းနှင့် မလွတ်သော လယ်ယာမြေများကို လျော်ကြေးငွေ မယူပါက မိမိတို့ပိုင်မြေသာ ဖြစ်ကြောင်း မတ်လ(၂၃)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်က သေချာစွာ ပြောကြားခဲ့သော်လည်း ယခုမိမိမှာ ယာစောင့်တဲဆောက်ခွင့် မရကြောင်း ၊လယ်ယာမြေ လျော်ကြေး မယူခဲ့သဖြင့် ယာစောင့် တဲဆောက်ခွင့်နှင့် လယ်ထွန်စိုက်ပျိုးခွင့် ရသင့်ကြောင်း မရီရီဝင်းက သူ့အမြင်ကို ပြောပြသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်သည့်အတွက် ဆက်လက်လုပ်ပါက တရားဥပဒေဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု မုံရွာခရိုင်ရဲမင်းကြီးက သတိပေး ပြောဆိုခဲ့သည်ဟု ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖြစ်ရပ်တွင် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဆည်တဲရွာသား နှစ်ဦးတို့ကို ရိုက်နှက်ဖမ်းဆီး သွားခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆည်တဲ ရွာသားတဦး လက်မောင်နှင့် ချိုင်းအောက်တွင် ဒဏ်ရာရရှိကာ ကျန်နှစ်ဦးမှာ ရိုက်နှက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း မရီရီဝင်း၏ ပြောကြားချက်မှ သိရသည်။

၎င်းက “ အခုတော့ မုံရွာမြို့ ဆေးရုံကိုပို့လိုက်ပါပြီ။ အစကတော့ ရွာမှာ ဆရာဝန်နဲ့ ခဏကြည့်ထားပေးပါတယ်။ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ ” ဟုဆိုသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဘထူးက ယနေ့နံနက်တွင် အကြမ်းဖက် ဖြိုခွဲခဲ့မှုကြောင့် ဆည်တဲရွာရှိ ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြပြီး ထပ်မံ လယ်ထွန်ခွင့်ရရန် ကြိုးစားမည် ဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ လက်ပံတောင်းတောင် အရေးတက်ကြွ လှုပ်ရှားသူ ကိုဟန်ဝင်းအောင်က “ အခုအချိန်မှာ ဒီမိုကရေစီခေတ် ပြောင်းနေပြီလို့ ပြောနေလည်း လက်တဆုပ်စာ လူနည်းစုက တကယ် အခွင့်အရေးကို ခံစားနေရတယ်။ သူတို့ပဲ လွတ်လပ်ခွင့်ရတယ်။ ဒါကိုကြည့်ပြီးတော့ ဗမာပြည်ကြီး လွတ်လပ်နေပြီလို့ ပြောလို့မရဘူး။ အောက်ခြေက လယ်သမားတွေ ဒုက္ခအခုထိ ရောက်နေကြသေးတယ် ဆိုတာကို ဒီနေ့ သက်သေပြလိုက်တာပဲ ” ဟု သုံးသပ်ခဲ့သည်။

ယခုအချိန်မှာ မုံရွာခရိုင် ကျေးရွာများတွင် လယ်ယာထွန်ယက်ခြင်းများ စတင်ပြုလုပ်နေပြီ ဖြစ်ပြီး တောကျောင်း ကျေးရွာ၊ တုံရွာသစ်၊ တုံရွာဟောင်း၊ မိုးကြိုးပြင်(အလယ်ရွာ) တို့တွင် လယ်ထွန်ခြင်းများ စတင်နေကြပြီဖြစ်
သော်လည်း ဆည်တဲကျေးရွာတွင် ယာစောင့်တဲ ဆောက်ခွင့်မရခဲ့ကြောင်း လယ်မြေအတွင်းသို့ မည်သူမှ ၀င်ရောက်ခွင့်မရှိကြောင်း ကိုဟန်ဝင်းအောင်မှ ပြောပြခဲ့သည်။

မဇ္ဈိမမှ မုံရွာမြို့နယ်အမှတ်(၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တွဲဖက်တာဝန်မှူးမှ ယခုအချိန်အထိ ဘာမှမသိရသေးကြောင်း၊ သတင်းသွားယူနေဆဲ ဖြစ်ကြောင်း ပြောသည်။

From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>