Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကေအိုင်အေမှ လူသစ်ဖမ်းဆီးမှုကို ကေအိုင်အေထံမှ လာဘ်ငွေ ရသည့် ပြည်တွင်း မီဒီယာများ မဖော်ပြ ရဲသော်လည်း လိုင်ဇာတွင် သတင်းယူသည့် ဧရာဝတီ ဖော်ပြ

$
0
0
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ ကျောက်လုပ်ကွက်များမှ လုပ်သား ၁၀၀ နီးပါးကို ဧပြီလ ၂၂ ရက်နေ့ ညပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တပ်သားသစ် စုဆောင်းသည်ဟု ဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။ ဆိုကာ အောက်ပါ အချက်များ ပါသည့် သတင်း အား ဧရာဝတီ သတင်းဌာနမှ ဖော်ပြခဲ့သည်။
KIA မှ အမည်မဖော်လိုသူ အရာရှိတဦးကမူ “တပ်သားသစ် စုဆောင်းတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ စစ်ရေး အခြေ အနေ ကလည်း အပစ်ရပ်ထားတယ်လို့သာ ပြောတာ တိုက်ပွဲဖြစ်တဲ့ နေရာတွေ ကလည်း ဖြစ်နေ တယ်။ တပ်ရင်းတွေအနေနဲ့ လိုအပ်တဲ့ တပ်သားသစ် စုဆောင်းတာ၊ ဆတ်ကြေး ကောက်တာတွေကို လုပ်ေ ကာင်း လုပ်နေကြအုံးမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ဧပြီလ ၂၂ ရက်နေ့ကပင် တပ်သားစုဆောင်းရေးအဖြစ် သစ်လုပ်ငန်း လုပ်ကိုင်သူများကို ခေါ်ဆောင် သွားပြီး လူ တယောက်လျှင် ကျပ် ငါးသောင်းနှုန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း၊ သစ်စက် ထောင်သူများထံမှ တဦး လျှင် ငွေကျပ် ငါးသိန်း တောင်းသည်ကို သုံးသိန်းဖြင့် ညှိနှိုင်းပေးဆောင် ခဲ့ရပြီး ငွေငါးသောင်း မပေးနို င်သူ သစ်လုပ်သား ငါးဦးကို တပ်သားသစ်အဖြစ် ခေါ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလုပ်ရပ်တွေကို အထက်က လူကြီးတွေလည်း သိတယ်။ ဒီမှာ ဌာန ဆိုင် ရာ စရဖ တို့ SB တို့၊ သတင်းတပ်ဖွဲ့တို့ ဟိုကသတင်း၊ ဒီက သတင်းနဲ့ တက်ပေးနေကြ တာပဲ။ မသိတာတော့ မရှိ ဘူး။ ဒါပေမယ့် လွှတ်တော်မှာ အနေအထားအရ တမျိုးမျိုးတော့ တင်တော့ တင်ကြတယ်။ တိုက် ရိုက်တော့ မပြောကြသေးဘူး။ ကျနော့် အနေနဲ့ ပြောရရင် ကိုယ့် လုံခြုံရေး ကလည်း ဘာမှ ရှိတာ မဟုတ် ဘူး။ အစိုးရနဲ့ နည်းနည်း အေးအေး ဖြစ်လာရင်လည်း ဒီလို ဆတ်ကြေးကောက် လူစု တာတွေကတော့ ရှိနေ တာပဲ” ဟု မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးဖေသောင်းက ဆိုသည်။
အဆိုပါ လူသစ် စုဆောင်းမှုများကြောင့် ဒေသခံများ၊ လုပ်သားများ ဒုက္ခရောက်နေ ရသော် လည်း ကေအိုင်ေ အ ထံမှ ကောင်းသတင်း ရေးပေးရန် လက်ဆောင်ငွေများ ယူထားသည့် ပြည်တွင်း မီဒီယာများ မှ ဖော်ြ ပခြင်း မရှိပေ။

သတင်းအပြည့်အစုံအားဒီမှာဖတ်ပါ။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>