Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မီဒီယာထဲက ဝီရသူ အပိုင်း(၁)

$
0
0




မေး။  ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန် တယ်။အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့်ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။  ။အသေအဆုံးများတာက ဒုတိယနေ့(မတ်-၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီ အကြောင်း ပြောရရင်တော့ဖြစ်ပြီးလို့ မီးတွေဘာတွေ ရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေ များတယ်။အရပ်သားတွေလည်းပါတယ်။ သူတို့တတွေကို ရ.ယ.က ဖွက်ပေးထားတယ်။ လုံခြုံရေး လည်းချပေးထားတယ်။ နောက်တနေ့ မနက်(၄)နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ် ဆိုပြီးတော့သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့ကဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင်မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင်ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာမွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်ကသွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကိုဦးဇင်းရောက်နေတာ။ ဦးဇင်းက(၂၀)ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင် ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် (၂၀)လောက်ကဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို (၉)လောင်း၊(၁၀)လောင်း၊ (၁၁)လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာလုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံးအများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကြတယ်။ ဟိုနေရာတယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲ ကျတာ။
         
         ဦးဇင်းဝီရသူရဲ့အင်တာဗျူးဖတ်ပြီးတဲ့အချိန် စိတ်ထဲမှာမေးချင်စိတ်ပေါက်လာတာလေးတွေ ရှိလို့ရေးခြင်းဖြစ်ပါတယ်။ ကျွန်မ အစ္စလာမ် ဘာသာဝင်တစ်ယောက်ပါ။ဗုဒ္ဓဘာသာကိုလဲ တော်တော်များများ လေ့လာထားပါတယ်။ ကျွန်မရေးတဲ့စာနဲ့ ပတ်သက်ပြီးလွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်တဲ့အချိန်လဲ ဆွေးနွေး နိုင်ပါတယ်။
          (မေးခွန်း (၁)ရဲ့ အဖြေတွေထဲက စိတ်ထဲမှာမတင်မကျဖြစ်နေတာလေးတွေက- မိတ္ထီလာကိစ္စမှာအသေအပျောက်များခြင်းဟာ မွတ်စလင်မ်တွေက “နောက်တနေ့မနက်(၄)နာရီ လုံခြုံရေးတွေရုပ်သွားတဲ့ အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုကမွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာလာဝိုင်းကြတယ်။” လို့ ဆိုထားပါတယ်။
          ကျွန်မရဲ့သာမန် အတွေးလေးနဲ့ပဲ တွေးကြည့်မိတာပါ။ တကယ်တမ်းဆိုရင် လုံခြုံရေးရှိနေတုန်းအော်ရင် တစ်ခုခုဖြစ်ရင်တောင် လုံခြုံရေးတွေ အားကိုးနဲ့ ပိုမိုက်လို့ ရနိုင်တာကိုလုံခြုံရေးတွေ ရုပ်သွားမှ အော်တယ်ဆိုတော့ အဲဒီ မွတ်စလင်မ်တွေက လာဝိုင်းတဲ့ဗမာလူအုပ်ထက် ပိုသတ္တိကောင်းပုံရတယ်လို့ ခံစားမိတယ်။)

မေး။  ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာသတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။   ။ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်း စနစ်တကျ ရှိတာကပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ဒုတ်တွေ၊  ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကိုအကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ် ကွက်ထဲကိုတိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ (၁၀) ယောက်မှာ(၁)ယောက်ပဲ  တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်ကတုတ်ပဲပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်းကျတယ်ဗျ။ (၂)ယောက်သေပြီးတော့ (၁၆)ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲက ဖြစ်တယ်။ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

          (မေးခွန်း(၂)ရဲ့ အဖြေထဲမှာ မတင်မကျဖြစ်မိတာက“တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။(၁၀)ယောက်မှာ (၁)ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေကဓားတွေနဲ့
ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့်ဖားသေဖြစ်သွားတာ။” လို့ ဖြေထားပါတယ်

အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မ တွေးမိတာက ရှိရှိသမျှသော ဓာတ်ပုံအများစု၊ဗီဒီယိုဖိုင်တွေထဲမှာတောင် တွေ့နိုင်တာက လုံခြုံရေးတွေ ကြားထဲက တိုးထွက်လာတဲ့လူတွေမှာတောင် နံပါတ်တုတ်လိုမျိုး အရာတွေ၊ နောက် တစ်ချို့ပုံတွေမှာဆို ဓားအိမ်နဲ့ဓားလွယ်ထားတဲ့ လူတွေ၊ အဲဒီလူတွေက ဘယ်က ရောက်လာပါသလဲ။ ပြီး ကြိုတင်မစီစဉ်ခဲ့ဘူးဆိုရင်အဲဒါတွေ ဘာလို့ အဆင်သင့်ပါနေရတာလဲ။)

မေး။  ။ အခုနိုင်ငံတကာသတင်းဌာနတွေက(၉၆၉)နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီးရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ (၉၆၉)အဓိပ္ပာယ်ကို နည်းနည်းလေးသိအောင်ရှင်းပြပေးပါလား။

ဖြေ။  ။ ရှင်းပြလို့ရပါတယ်။ပထမအစ ဂဏန်း (၉)က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း (၆)က တရားဂုဏ်တော်(၆)ပါးကို ပြောတာ။ တတိယ ဂဏန်း (၉)က သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာရတနာ (၃)ပါးရဲ့  ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို (၉၆၉) ကဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ (၉၆၉) ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ဘာဖြစ်လို့လဲ (၉၆၉)က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ (၂၅) လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း SaveOur Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် (၉၆၉)ကို တရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

(မေးခွန်း (၃) အတွက် အဖြေထဲက-
“ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ (၂၅)လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်းSave Our Future အဲဒါလေးပါပဲ။”

အဲဒါဆိုရင် “ရန်ကုန်လို မြို့ကြီးမှာတောင်အလကားလိုက်ဝေနေတဲ့ တရားခွေတွေ၊ စတစ်ကာတွေ စတာတွေကို ဘယ်သူက အကုန်အကျခံပြီးဝေပေးနေတာလဲ၊ ဖြန့်ဖြူးနေတာလဲ”)


From: Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>