



နေပြည်တော် ဧပြီ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံတွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့ မွန်းတည့် (၁၂) နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံသို့ ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မြင့်အောင်နှင့် ဒေါက်တာကိုကိုဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဇင်ယော်၊ ဒေါက်တာဒေါ်သိန်းသိန်းဋ္ဌေး၊ ဒေါ်စန္ဒာခင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
www.mmdailystar.com