Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မာန်အောင် NLD ကံစမ်းမဲများ ရောင်း၍ ပါတီ ရန်ပုံငွေ ရှာဖွေမူ ပါတီဝင်များ အချင်းချင်း ကန့်ကွက်

$
0
0


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တချို့မှ ကံစမ်းမဲ များ ရောင်းချ၍ ပါတီ ရန်ပုံငွေ ရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက် ဆန့်ကျင်နေကြ သည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။

scaned-receipt-copy-NLD-news“ ကျွန်တော်တို့က ဒီကံစမ်းမဲ ရောင်းချတာဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ဘဲ ရံပုံငွေ ရှာစေလိုတယ်။ ဒါကြောင့် ခုလို ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။

ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။

၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်ဟု ကိုသန်းနိုင်က ပြောသည်။

“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့က ပါတီ လမ်းကြောင်းမှန် တစ်ခုကို ရောက်စေလိုတဲ့ ဆန္ဒနဲ့ ခုလို ဆန့်ကျင်ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မနက်ဖြန်တွင် ကံစမ်းမဲ ဖွင့်ပွဲကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။


From: narinjara.com

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>