Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမီးကို အလုပ်ပေးလျှင် ဒေါ်လာ ၅၀၀ ပေးမည့်မိခင်

$
0
0

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားမှ မိခင်တစ်ဦးသည် လမ်းဘေးတစ်နေရာတွင် ဆိုင်းဘုတ်ကို ကိုင် ကာ ရပ်နေသည်ကို လူအများ ထူးဆန်းစွာတွေ့မြင်ကြရသည်။ သူမသည် ဆိုင်းဘုတ် တွင် သူမ ၏သမီးဖြစ် သူအား အလုပ်ရရှိနိုင်ရေးအတွက် အကူအညီပေးသူကို ဒေါ်လာ ၅၀၀ ပေး မည်ဖြစ်ကြောင်း ရေးသားထားပြီး လမ်းဘေးတွင် အချိန်ကြာရှည်စွာ ရပ်နေခဲ့ခြင်းဖြစ်သည်။

အသက် ၆၁ နှစ်အရွယ်ရှိ လင်ဒါ စမစ်ဆိုသူ အမျိုးသမီးကြီးသည် သူမသမီးကို အလုပ် ရှာရန် ပြောသော်လည်း လပေါင်းများစွာ အလုပ်မရနိုင်ဖြစ်နေသဖြင့် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ သမီးဖြစ်သူသည် ကားတိုက်ခံထားရပြီး အလုပ် မလုပ်နိုင်တော့သည့် လင်ဒါစမစ် အား နှစ်ကာ လရှည်ကြာ စွာ ပြုစုနေခဲ့ရပြီး၊ ယခု အလုပ်ရှာပေး သူကို ပေးမည့် ဒေါ်လာ ၅၀၀ မှာလည်း သူမပိုင်ဆိုင်သမျှ အကုန်သာ ဖြစ်ကြောင်း ပြောပြခဲ့သည်။

လင်ဒါ စမစ်ကို အရက်မူးပြီး မောင်းလာသည့် ကားတစ်စီးက ၁၉၉၆ ခုနှစ်တွင် ဝင်တိုက်ခဲ့ပြီး၊ ပစ်ထားခဲ့ သဖြင့်   ဆေးရုံက အသက်ပြန်ရှင် လာစေရန် ကယ်တင်ပေးထားရသူဖြစ်သည်။ ထို ကားတိုက်ခံရသည့် ဒဏ်ရာဖြင့် အလုပ် မလုပ်နိုင်တော့ဘဲ အနားယူခဲ့ရသည်။

မိခင်ကားတိုက်ခံရမှန်းသိသဖြင့် သမီးဖြစ်သူသည် တောင်ကိုရီးယားတွင်မော်ဒယ်လုပ်နေရာမှ ကာလီဖိုးနီး ယား ရှိ မိခင်အား ပြန်လာပြီး ပြုစုစောင့်ရှောက်နေခဲ့သည်။ အချိန်ပိုင်းအလုပ်ပြေးလုပ်ရင်းက မိခင်ကိုနှစ် ရှည် လများ စောင့်ရှောက်ခဲ့သော်လည်း ယခု စားဝတ်နေရေး ခက်ခဲလာသဖြင့် မိခင်ကိုယ်တိုင် လမ်းပေါ် ထွက်ပြီး အလုပ်ရှာ ခိုင်းရခြင်းဖြစ်ကြောင်း သိရသည်။

From:မောက္ခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>