OIC နှင့် ရိုဟင်ဂျာများအား လက်မခံမှုကြောင့် တရားခံ ဦးသိန်းစိန်အား အလိုရှိကြောင်း ၈၈ မြအေး သမီးခေါင်းဆောင်သည့် UK နိုင်ငံ ရိုဟင်ဂျာအရေးလှုပ်ရှားသူများမှ ကြေညာခဲ့သည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးသမ္မတ တစ်ဦးအား ယခုကဲ့သို့ တရားခံပြေး တစ်ဦးသဖွယ် ကြေညာခြင်း သည် မြန်မာနိုင်ငံ သားအားလုံး အား စော်ကားခြင်းဖြစ်သည်။
ဗြိတိန်ရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ဖြစ်သော Burma Campaign UK သည် ရိုဟင်ဂျာအရေး နှင့် စီးပွားပိတ်ဆို့မှု အရေးများတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အကြံတူ ဥာဏ်တူသူများဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ရောက်စဉ်က လည်း တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Burma Campaign UK မှလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး မွတ်ဆလင်များ၊ ၈၈ ကျောင်း သားခေါင်းဆောင် ဦးမြအေး သာမက ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ ဆုံဆွေးနွေး မှု များပြုလုပ်ခဲ့သည်။
Burma Campaign UK ၏ သမ္မတကြီးဦးသိန်းစိန် အပေါ် လုပ်ကြံမှုများသည် ၈၈မျိုး ဆက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပရောဂများ ပါဝင် နိုင်ကြောင်း မြန်မာ့ အရေးလေ့လာသူ များက သုံး သပ်လျှက်ရှိကြပြီး ယခုကဲ့သို့ လုပ်ကြံမှုအ တွက် မြန်မာ မီဒီယာ သမားများနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ တစုံတရာ ကန့်ကွက်ခဲ့ကြခြင်းမရှိကြောင်း သိရသည်။
www.mmdailystar.com