Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၅၀၀တန် ဆင်းကဒ်များ မဲနှိုက်စနစ်ဖြင့်ရောင်း ၊ ကိုယ်တိုင် မနှိုက်ရ

$
0
0
တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း ပြည်သူများ အနေဖြင့် မဲလိပ်များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးများမှ စုံစမ်းသိရှိရသည်။


၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်နံနက် ၈း၃၀ နာရီ အချိန်မှစပြီး တန်ဖိုးနည်း CDMA ၈၀၀ ဖုန်း အလုံး (၃၆၀) ကို မဲစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မဲများအားစီ စစ် ရေတွက်နေစ ဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဧပြီ ၂၄ရက်နေ့တွင် မဲပေါက်သူများကို အိမ်တိုင် ရာရောက် ဆင်းကဒ်များ လိုက်လံပေးမည်ဟု အဆိုပါ ရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးမှ သိရသည်။

“ မဲက ကိုယ်တိုင် မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့ သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊ ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။ နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ကိုသန်းမြင့်က မဇ္ဈိမကို ပြောသည်။

တလမ်းလျှင် ခြောက်လုံးနှုန်း မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက် ပို့ပေးမည်ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက် ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရမည်ဟု မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။

မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ဦးလှထွန်းက " မနက် ၈နာရီခွဲလောက်ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။ ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေပဲ နှိုက်တာ။ ဘုန်းကြီးတွေ အတွက်ကော မယ်သီလရှင်တွေအတွက်ကော အကုန်ပါတယ်" ဟုဆိုသည်။

ယခုလို မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။

မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက“ကျွန်မတို့ အခုဆင်းကဒ်ရောင်း တဲ့ စနစ်ကို သိပ်စိတ် အလိုမကျဘူး။ သမာသမတ် မကျဘူးလို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက်ရဘူး။ ရောင်းတဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်း အားလုံးထုတ်ပြီး ရောင်းလိုက် အဲဒါရှင်းတယ်။ ” သူမ၏ အမြင်ကိုပြောသည်။

၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့် သွင်းရန် လိုအပ်မည်ဖြစ်ကာ အကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည် အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း  ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲ ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆင်းကဒ် တသိန်း နှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူ တည်၍ ရောင်း ချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။


From:MIzzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ


မောင်မိုးသူ - မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ ပြည်ထောင်တိုင်းမြန်ပြည်...


ပုတီးသီး


ကရဝေး စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>