Quantcast
Viewing all articles
Browse latest Browse all 4837

Skynet က လွင့်တဲ့ သမ္မတကြီးရဲ့ အိမ်ပြန် ခရီးစဉ် ကြိုဆိုမှုများ


Skynet က လွင့်တဲ့ သမ္မတကြီးရဲ့ အိမ်ပြန် ခရီးစဉ် နှင့် လာရောက်ကြိုဆိုသူများ ထံမှ ရင်ဖွင့်သံများ...

ဒေါ်ခိုင်ခိုင်နွယ်>> လာကြိုရတဲ့ အကြောင်းအရင်က ရိုးရိုးရှင်းရှင်း ဖြေရရင် သမ္မတကြီးကို အထူး ကျေးဇူး တင်လို့ပါ... ဘာကြောင့် တင်ရသလဲ ဆိုတော့ ကျွန်မတို့ ဘယ်နေရာ သွားသွားပေါ့နော် တစ်ကမ္ဘာလုံး ကြိုက် တဲ့ နေရာသွား ကျွန်မတို့ အခု မျက်နှာမော်ပြီး သွားလို့ ရလို့ပါ... အဲဒါကို ကျေးဇူးတင်ပါတယ်...

ဒါရိုက်တာ ၀ိုင်း >> ဘာပဲပြောပြောလေ ကိုယ့်နိုင်ငံကောင်းဖို့ အတွက် ချစ်ကြည်ရေး သွားရောက်တာပဲ ဒီအတွက်လည်း ဒီဟာကို လာပြီး ကြိုဆိုတာပါ.. ဘာတွေ အပြောင်းအလဲ ဖြစ်လာမလဲ ဆိုတာတော့ အများကြီးတော့ ကိုယ်တို့ အနေနဲ့ မျှော်လင့်လို့ မရဘူးဆိုရင်တောင်မှ အရင်တုန်းက ရှိခဲ့တဲ့ မရခဲ့တဲ့ အကူအ ညီတွေ အခုပြန်ရမယ်.. ပြီးတဲ့အခါကျတော့ ကိုယ်တို့ နိုင်ငံမှာ ရှိတဲ့ကြွေးမြီ   တော်တော် များများ   ပေါ့နော်.. အခု စကိုက်နက် up to date မှာ ကြည့်ရတာလည်း ဒီ ကြွေးမြီတော်တော်များများ ကို လျော် ပစ် တာတွေ အကူအညီပေးမယ့် ဘက်ဂျက်တွေ အများကြီးကို ကြားနေရတော့ ကိုယ် ၀မ်းသာပါတယ် ကြည့် ရင်းနဲ့ပဲ ဘာပဲ ပြောပြောပေါ့နော်.. ဒီလို အထောက်အပံတွေ ရတော့ ကိုယ်တို့ နိုင်ငံ တိုးတက်ဖို့ အတွက် အများကြီး အဆင်ပြေပါတယ်...

သရုပ်ဆောင် ပြေတီဦး >> အဓိက ကတော့ ဗျာ ကျွန်တော်တို့ သမ္မတကို လာကြိုတယ်ဆိုတာ တာက သမ္မတကို ယုံလို့ပေါ့.. နော်... ဟို ထောက်ခံလို့ အားပေးလို့ ပေါ့.. ဒါတော့ သေချာတယ်လေ... ကျွန်တော် တို့ မထောက်ခံတဲ့ အားမပေးတဲ့ ကျွန်တော်တို့ အယုံအကြည်မရှိရင် ကျွန်တော်တို့ လာကြိုမှာ မဟုတ်ဘူး... ဒါသေချာ တယ်လေ... ကျွန်တော်တို့ ကြားတာကတော့ အဓိက ကတော့ ကျွန်တော်တို့ တစ်ခါမှ မရခဲ့ဖူးသေးတဲ့ GSP ပေါ့ဗျာ.. အဲဒီ ဟာကို ကျွန်တော်တို့ နိုင်ငံမှာ ရဖို့ ဆိုတာက ခေတ်အဆက်ဆက်မှာ ဘယ်လို မှ မလွယ်ခဲ့ဘူး မဖြစ်ခဲ့ဘူးပေါ့နော်... တကယ် အရေးပါတဲ့ အတွင်းစည်းမှာ ရှိတဲ့ သူတွေကလည်း ဒါကို မပေးဘူးပေါ့... ကျွန်တော်တို့ကို မပေးဘူးပေါ့..


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>