Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဘုန်းကြီး အသတ်ခံရမှုအတွက် ဝမ်းနည်းကြောင်းမပြောခဲ့သော်လည်း မွတ်ဆလင်များအတွက် အလွန်အင်မတန် ဝမ်းနည်းကြောင်း ဒေါ်စုပြောကြား

$
0
0




ရခိုင်ဒေသနှင့် မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နိုဘယ်ငြိမ်း ချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း   ပြောဆိုခဲ့ တယ်လို့ RFA သတင်း အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန် မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာ ကိုမှ အမိမြေ အဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ် ၀မ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့် အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

ထို့ပြင် မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြား ခဲ့သည်။ သူမ အနေဖြင့် လူမျိုးစု တို့ နိုင်ငံသားဖြစ်ခွင့်အတွက် အကြိမ်များ စွာ ပြောဆို ခဲ့ကြောင်း၊ သူမ၏ ပြောဆိုချက်များသည် လူတိုင်းအ တွက် ကျေနပ်စရာ ဖြစ်မည် မဟုတ်ကြောင်း ကိုလည်း ပြောပြခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက် မဖြေကြားခဲ့ချေ။

“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက် ညီယင် ဖြစ်နိုင်ချေ များကို ပြန် လည် သုံး သပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါ တယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေး ဖို့ လိုအပ်နေ တယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက် ရပါလိမ့်မယ် ” ဟု သတင်းထောက် များအား ပြောဆိုခဲ့သည်။

From: Opposite Eye

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>