Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလီ အရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော

$
0
0

ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ အသိမှတ်ပြု
...သော် လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲ တွင် မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေ စီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော NNDP တည်ထောင်သည့် တနှစ်ပြည့် အခမ်းအနား တွင် ပြည်  သူ့လွှတ်တော် ကိုယ်စား    လှယ်   တဦးဖြစ်သည့် ဦးသိန်းညွှန့်က ထိုသို့ ပြောကြား လိုက်ခြင်း    ဖြစ်သည်။

“ကျနော် မဲရဖို့ သက်သက်နဲ့ ဟိုမှာတမျိုး ဒီမှာတမျိုး မပြောနိုင်ဘူး။ ဟိုပုဂ္ဂိုလ်ပြော ဒီပုဂ္ဂိုလ်ပြောကို မပြောဘူး။မြန်မာနိုင်ငံ သမိုင်းကော်မရှင် တင်ပြထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ‘ရိုဟင်ဂျာ’ မပါတဲ့ အတွက် ရိုဟင်ဂျာအရေးကို မဆောင်ရွက်ပေးနိုင်ပါဘူး” ဟု ဦးသိန်းညွန် က ယ တိပြတ် ပြောဆိုသွားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူဆန္ဒကို ရယူထားသည့် ဥပဒေ ဖြစ်ပြီး ကုလသမဂ္ဂမှ ချမှတ် ထားသော စံချိန်စံနှုန်းနှင့် မကိုက်ညီမှာသာ ၎င်းအနေနှင့် အဆိုတင်သွင်းမည်ဖြစ်ကြောင်းဦးသိန်းညွန့်က ဆက်လက်ပြောဆိုသည်။

“၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။နိုင်ငံသား မဟုတ်တဲ့အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နိုင်ငံသားမဟုတ်တဲ့လူတွေ ဒီလိုကန့်သတ်တာပဲ” ဟု ၎င်း၏ ပါတီ နှစ် ပတ်လည် အခမ်းအနားတွင် ပြောဆိုသွားသည်။

From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>