Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စစ်တပ်မှ မြေအဓမ္မ သိမ်းယူမှု တိုင်ကြားသူကို မမှန် သတင်းပေးမှုဖြင့် တရားစွဲ

$
0
0

မကွေးတိုင်း ဒေသကြီး ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာများထံမှ (က.ပ.စ.၈) ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံမှ ဒေသခံများ၏ မြေဧကများကို အဓမ္မသိမ်းဆည်းမှုအား တိုင်ကြား ရာတွင် တိုင်ကြားသူအား စာမတတ်ပဲ အသနားခံစာ ရေးမှုကြောင့် မမှန် သတင်းပေးမှုနှင့် တရားစွဲဆို ထားကြောင်း ဒေသခံများထံမှ သိရသည်။

တရားစွဲခံရသူ တဦးဖြစ်သည့် ဦးပေါ်ဦးက “ ကျွန်တော် သမ္မတကို တရားမျှတစွာ အသနားခံတဲ့ ပုံနဲ့ တိုင်ကြား တာပါ။ ဒါကို စာမတတ်ပဲ ဘာလို့ အသနားခံစာ ရေးရလဲ။ ဒါမမှန်သတင်းပေးတာဘဲ လို့ပြောပြီး ကျွန်တော့်ကို တရားစွဲ တာပါ” ဟု ဆိုသည်။

အဆိုပါ တရားစွဲမှုမှာ ဒေသခံ ဦးပေါ်ဦးနှင့် ရွာသား အများစုတို့က ၂၀၁၂ခုနှစ် ၈လပိုင်း ၁၃ရက်နေ့တွင် သမ္မတအား အသနားခံ လက်မှတ်ထိုး၍ တိုင်ကြားစာ ပေးပို့ခြင်းကြောင့် (က.ပ.စ ၈) မှ ဆင်ပေါင်ဝဲမြို့နယ် တရားရုံး သို့ မမှန် သတင်းပေးမှုဖြင့် ၄ရက်နေ့ ၁လပိုင်း ၂၀၁၃ တွင် တရားရုံးမှ ဆင့်ခေါ် စစ်ဆေး ခဲ့ကြောင်း ဒေသခံ ဦးပေါ်ဦးမှ ပြောသည်။

ဦးပေါ်ဦးသည် (က.ပ.စ.၈) စစ်တပ်မှ မြေ ၁၆ ဧက သိမ်းယူထားခြင်း ခံရသူဖြစ်သည်။ သမ္မတအား တိုင်ကြားခြင်း သည် တပ်မြေတွင် လယ်ယာလုပ်ကိုင် ခွင့်ပြုရန် တင်ပြတောင်းခံခြင်းသာ ဖြစ်ကြောင်း ၎င်းကဆို သည်။ ထို့အပြင် အဆိုပါ သမ္မတထံ တိုင်ကြားစာတွင် ရွာသား ၅၀၀ ခန့်  ပါဝင် လက်မှတ် ထိုးခဲ့ကြောင်း ဦးပေါ်ဦးက ဆက်ပြော သည်။

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့ရှိ အဆိုပါ ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည်တောင်သူများထံမှ မြေတဧကအား ၁၂ ကျပ်နှုန်းဖြင့် မြေဧကပေါင်း ၁၂၇၀၀ ကျော်အား သိမ်းယူထားကြောင်း လည်း သိရသည်။

ထို့အပြင် စက်ရုံအနီးရှိ လယ်သမားများထံမှ သီးထောက်ကြေးများ တောင်းခံလျှက် ရှိကြောင်း တနှစ်လျှင် ထိုစစ်တပ်စက်ရုံအား နှမ်းခြောက်ပြည် ခန့်ပေးရကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။

ဘော်မြင့်ကျေးရွာမှ ဦးစိန်မြင့်အောင်က “ ကျွန်တော်တို့ ရွာ၁၃ရွာက မြေတွေသိမ်းတယ်။ လိုအပ်ရင် လူတွေ လုပ်အားပေးခေါ်တယ်။ ပြီးတော့ သီးထောက်ကြေးလဲ တောင်းတယ်။ မိုးလေဝသ မကောင်းလို့ မပေးနိုင်ရင်တောင်မှ နွားတွေရောင်းပြီး ပေးရတယ် ” ဟု ပြောသည်။

အဆိုပါ စစ်တပ်ပိုင် မြေဧကအဖြစ် သိမ်းယူထားသည့် ကျေးရွာများမှာ ဘော်မြင့်ရွာ၊ မကြီးပင်ပုရွာ၊ ဝါရီကုန်း ရွာ၊ ကျွဲခြံရွာ၊ နတ်ရွာ အစရှိသည့် ၁၃ရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်စဉ်ကပင် တောင်ယာမြေများကို တောင်သူများထံမှ သိမ်းယူ ခဲ့ကြောင်း တောင်သူတွေကပြောခဲ့သည်။

အဆိုပါ မြေယာသိမ်းယူသည့် ကိစ္စနှင့် ပတ်သတ်၍ မြေယာအကျိုးတော်ဆောင် ဦးသန်းလွင်ဦးက “မြန်မာနိုင် ငံ မှာမြေယာဥပဒေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံ ဥပဒေမှာကိုက မှားနေတာ။ ရှိသမျှမြေ ကို နိုင်ငံပိုင် တယ်လို့ ဆိုထားတယ်။ အဲဒါကြောင့် ပြည်သူအများစု မြေသိမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရတာ။ အဲဒီအချက်ကို ပြင်ပြီးမှ မြေယာကိစ္စတွေအေးနိုင်မယ် ” ဟုပြောကြားခဲ့သည်။


From:မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>