Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာသံရုံးနဲ့ အလုပ်သမားအရေးအဖွဲ့တို့ ကူညီမှုကြောင့် မြန်မာအလုပ်သမား လျော်ကြေးရ

$
0
0

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရပ်ချဒါရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ၆ ထပ် အမြင့်က ပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ မြန်မာအလုပ်သမားတစ်ဦး လျော်ကြေးငွေရရှိအောင် ထိုင်းနိုင်ငံ ဆိုင် ရာ မြန်မာသံရုံးနဲ့ အလုပ်သမားရေး ကူညီနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ TACDB တို့က ဝိုင်းဝန်း ကူညီခဲ့ တဲ့အတွက် လျော်ကြေးငွေရရှိခဲ့ပါတယ်။

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ ယွန်းနဒီဦး ကုမ္ပဏီကနေ ပို့ဆောင်ခဲ့တဲ့ အသက်၂၄ နှစ်အရွယ် ပန်းရံအလုပ်သမား ကိုဌေးလွင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၆ ရက်နေ့က လုပ်ငန်းခွင်မှာ ဝရိန်ဆော်နေစဉ် ဓါတ်လိုက်ခံရတဲ့အတွက် ၆ ထပ်ကနေ ၄ ထပ်အမြင့်ကို ပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့ပါတယ်။

ကိုဌေးလွင်ဟာ ထိုင်းဘာသာနဲ့ ပကန်စံခွန် လို့ခေါ်တဲ့ အသက်အာမခံကို လုပ်ထားခဲ့တာဖြစ်လို့ ဒီကနေ့မှာ အာမခံကုမ္ပဏီက လျော်ကြေးငွေ ဘတ် ၂ သိန်း ပေးအပ်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာရှိ တဲ့ မြန်မာနိုင် ငံ သား အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေရှိခဲ့ရင် ဥပဒေအ ရ တောင်း ဆိုနိုင်တာတွေ ရှိတဲ့ အကြောင်း   မြန်မာသံရုံးက အလုပ်သမားရေးအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

အဲအလုပ်သမားအတွက် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အာမခံကုမ္ပဏီကနေ လျော်ကြေးရရှိစေဖို့ TACDB လို့ခေါ်တဲ့ ထိုင်းမြန်မာချစ်ကြည်ရေးဖောင်ဒေးရှင်းက လိုအပ်တဲ့အထောက်အ ထားတွေ ကို လေ့လာပြီးအကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

ကိုဌေးလွင်ဟာ ဒဏ်ရာရပြီးနောက် လျော်ကြေးငွေရဖို့ စောင့်ဆိုင်းနေခဲ့ရာမှာ အလုပ်ရှင်ဖက်က ၅ လနီး ပါးကြာအောင် အချိန်ဆွဲနေခဲ့တာကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးရာအရာရှိတွေနဲ့ TACDB အဖွဲ့တို့က ၀ိုင်းဝန်းကူညီခဲ့ကြတာဖြစ်ပါတယ်။

ထိခိုက်ဒါဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ကိုဌေးလွင် မြန်မာနိုင်ငံပြန်နိုင်ရေးအတွက် သံရုံးကပဲ အကူ အညီပေး မယ်လို့ သိရပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>