Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို

$
0
0

မကြာမီကျင်းပမည့် သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ အထူးသဖြင့် အမျိုးသမီးများမှာ မသမာသူအချို့၏ မူးယစ်ဆေးဝါးများ ရောစပ်တိုက်ကျွေးမှုများကို သတိပြုရှောင်ရှားရန်လိုကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလတွင် မသမာသူအချို့က အမျိုးသမီးများနှင့် မိတ်ဆွေဖွဲ့၍ အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည်စသည့်အရည်များအတွင်း စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေးစသည့် မူးယစ်ဆေးဝါးများကို ရောစပ်၍ တိုက်ကျွေးကာ မသမာမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြောင်း သင်္ကြန်တွင် ရေကစားလေ့ရှိသူများကပြောသည်။

နှလုံးရောဂါသမားများအတွက် ဆရာဝန်ညွှန်ကြားချက်အရသာ ၀ယ်ယူရသည့် အပရာ ဇိုလမ် (ဓာတုဗေဒအမည်) ကို အမှုန့်ပြုလုပ်၍ အရက်၊ ကော်ဖီ၊ ဘီယာစသည့် အရည်များတွင် ထည့်သွင်းရောစပ်လိုက်ပါက ရောစပ်ထည့်သွင်းသည့် မီလီဂရမ်ပေါ်မူတည်၍ သောက်သုံးမိသူမှာ လူမှန်းသူမှန်းမသိအောင် အိပ်မောကျသွားနိုင်ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာ လှဌေးက ပြောသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ဘန်ကောက်တွင် အဆိုပါ ဆေးဝါးခတ်ကာ ပစ္စည်းဖြုတ်ယူမှုများ၊ မသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ယင်းဆေးဝါး ကို ကန့်သတ်ဆေးဝါးအဖြစ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆရာဝန်ကြီး က ပြောသည်။ “စိတ်ငြိမ်ဆေးနဲ့ အရက်နှစ်မျိုးတွဲလိုက်ရင် ဘာမှမသိတော့ဘူး။ သင်္ကြန်စင်ပေါ်မှာ အချို့ အ၀တ်တောင် မကပ်နိုင်ကြတော့အောင် သတိလွတ်တာတွေကတော့ စိတ်ကြွဆေးတွေတအား လွန်သွားတာ။ အရက် ကလည်း စိတ်ကြွတယ်။ အရက်နဲ့ ဆေးပြားရောလိုက်ရင် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေ ကိုယ်တိုင်က သုံးစွဲနေတာကို တွေ့နေရတယ်” ဟု ဒေါက်တာလှဌေး
က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း ကော်ဖီထဲတွင် မူးယစ်ဆေးခတ်တိုက်ကျွေးနိုင်ကြောင်း အမျိုး သမီးများအား သတိပေးထားသည့် အချက်အလက်အချို့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ တွင် ဖော်ပြနေကြသ ည်ကို တွေ့ရ သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာ့ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာသည့် အမျိုးသမီးများ ၏ ၀တ်စားဆင်ယင်မှု ဖက်ရှင်များ မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်း လွတ်လပ် လာနေပြီး ၎င်းတို့မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးသုံးစွဲထားခြင်းကြောင့်သာ ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

“သင်္ကြန်မဏ္ဍပ်တွေမှာ ဒီလို ဆေးဝါးတွေတော့ သုံးလို့မရပါဘူး။ ဒါပေမဲ့ လူတစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အချို့က တစ်နေရာက သုံးလာတယ်။ အိမ်ကသုံးလာမယ်၊ ပြီးရင်မဏ္ဍပ်ပေါ်တက်တာတော့ ရှိမှာပေါ့။ ခုနောက် ပိုင်း ice က ဈေးအရမ်းကြီးတော့ ဒါတွေကို ကိုင်သုံးနိုင်လောက်အောင် သာမန် လူငယ် တော်တော်များများမှာ ပိုက်ဆံမပေါပါဘူး” ဟု နာမည်ကြီး ဟစ်ဟော့ပ်အ ဆိုတော် တစ်ဦးက ပြောပါသည်။

မူးယစ်ဆေးဝါးများအနက် ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးဝါးမှာလည်း တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၇၀ နီးပါးရှိပြီး ice ဆေးဝါးနည်းတူ ဈေးကြီးသောကြောင့် လူတိုင်းအ လွယ်တကူ မသုံးနိုင်ဘဲ မူးယစ်စေသည့် ဆေးဝါးများကို တစ်လွဲရောစပ်အသုံးပြုမှုများလာခြင်းကြောင့် ဆေး ၀ါး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရခြင်းဖြစ်ကြောင်း ဒေါက်တာလှဌေးက ပြောသည်။

From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>