Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သတင်းစကား ပေးပို့ခြင်းအတွက် ဝန်ဆောင်ခယူမည့် ဖေ့စ်ဘွတ်၏ အစီစဉ်သစ်

$
0
0

ကမ္ဘာ့ထိပ်တန်း လူမှု ကွန်ယက်ဖြစ်သော ဖေ့စ်ဘွတ်(Facebook) သည် ၎င်းကို အသုံးပြုသူများ အကြား သတင်းစကား မက်ဆေ့ခ်ျ (massage) များပေးပို့သည့် ကဏ္ဍမှ အကျိုးအမြတ်ယူရန် စီစဉ်နေသည်။

ဖေ့စ်ဘွတ် အသုံးပြုသူများ အနေဖြင့် မိမိတို့ ပေးပို့လိုသော မည်သည့် သတင်းစကား မက်ဆေ့ခ်ျကို မဆို အခြား Facebook အသုံးပြုသူများအား ပေးပို့နိုင်မည်ဖြစ်ကာ အကယ်၍ မိမိပေးပို့ချင်သူသည် မိမိ၏
ဖေ့စ်ဘွတ် အကောင့်ထဲမှ မိတ်ဆွေ သူငယ်ချင်းမဟုတ်ခဲ့လျှင် အစီအစဉ်သစ်အရ သတင်းစကား မက်ဆေ့ခ်ျ တစောင်လျှင် တဒေါ်လာနှုန်းဖြင့် ပေးပို့နိုင်မည် ဖြစ်သည်။

အကယ်၍ မိမိ သတင်းစကား မက်ဆေ့ခ်ျ ပေးပို့လိုသူသည် ထင်ပေါ် ကျော်ကြားသူ ဖြစ်ပါက မက်ဆေ့ တစောင်လျှင် တဒေါ်လာထက် ပိုသော နှုန်းထားဖြင့် ပေးပို့ နိုင်တော့မည် ဖြစ်သည်။

အခကြေးငွေ ပေးရမည့် ဝန်ဆောင်မှုအသစ်ကို အသုံးပြု၍ မိမိနှင့် မသိကျွမ်းသူများ သို့မဟုတ် မိမိနှင့် အဆက်အသွယ် မရှိသည့် သူများထံသို့ ၎င်းတို့၏ ကိုယ်ပိုင် ဖေ့စ်ဘွတ် အကောင့်တွင် ချိန်ညှိကန့်သတ် ထားမှု (privacy settings) များကို ရှောင်လွှဲ၍ မက်ဆေ့ခ်ျ ပေးပို့နိုင်လိမ့်မည် ဟုဆိုသည်။

ဖေ့စ်ဘွတ် အသုံးပြုသူများသည် ထင်ပေါ် ကျော်ကြားသူများထံသို့ စာများ ပေးပို့နိုင်မည်ဖြစ်သော်လည်း မိမိတို့ ပေးပို့လိုက်သည့် စာများကို လက်ခံရရှိသူက ဖတ်မဖတ်ဆိုသည်ကိုမူ ဖေ့စ်ဘွတ်က တာဝန်ယူနိုင်ခြင်း မရှိပါ။

အခကြေးငွေယူမည့် ယင်းဝန်ဆောင်မှု လုပ်ငန်းအား လူကြိုက်မကြိုက်နှင့် အဆိုပါ ၀န်ဆောင်မှု လုပ်ငန်းကို တလွဲအသုံးချမှုများ ရှိမရှိ ဆိုသည်ကို စောင့်ကြည့်ရန် လအနည်းငယ်ကြာ ထိုဝန်ဆောင်မှုကို စမ်းသပ်မည်ဟု ဆိုသည်။

ထိုကဲ့သို့ ဝန်ဆောင်မှု အသစ် စတင်ရခြင်းမှာ၊ တဘက်တွင် မလိုလားအပ်သည့် စာ (spam) များအား Facebook အနေဖြင့် တားဆီးကာကွယ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း၊ တခြားတဘက်တွင်မူ ဖေ့စ်ဘွတ် အသုံးပြုသူများ အနေဖြင့် ၄င်းတို့၏ အသိုင်းအဝိုင်းပြင်ပရှိ ပုဂ္ဂိုလ်များထံမှ စကားများကို တခါတရံတွင် သိရှိလိုကောင်း သိရှိလိုမည် ဖြစ်သည့်အတွက် ဝန်ဆောင်မှု အသစ် စတင်ခြင်း ဖြစ်သည်ဟု ဖေ့စ်ဘွတ်က ဆိုသည်။

ဖေ့စ်ဘွတ်သည် ယခုအစီအစဉ်သစ်ကို ဖေ့စ်ဘွတ်အကောင့်တခုအတွက် မေးလ်ဘောက်စ် (mail box) နှစ်ခု ထည့်ပေးခြင်းဖြင့် ပြီးခဲ့သည့် လမှ စတင်စမ်းသပ် ခဲ့သည်။ ပင်မ မေးလ်ဘောက်စ်သည် မိတ်ဆွေ သူငယ်ချင်း များနှင့် အခြားသူများထံမှ ပေးပို့လာသော မက်ဆေ့ခ်ျများကို အကောင့်ပိုင်ရှင်က ၄င်း ကန့်သတ် ချိန်ညှိ ထားသည့် privacy settings ပေါ်မူတည်၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။

အခြားသော မေးလ်ဘောက်စ်မှာမူ ဝှက်ထားသည့်အတွက် သာမန်အားဖြင့် မြင်ရလိမ့်မည် မဟုတ်ပါ။ ဖေ့စ်ဘွတ် အသုံးပြုသူ အများစုမှာ အဆိုပါ မေးလ်ဘောက်စ်ကို မည်သည့်အခါမျှ မကြည့်ကြသည့် အပြင်ရှိမှန်း ပင်မသိကြဟု ဆိုသည်။

From:mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>