ဥရောပ ငါးနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ်လ ၈ ရက်နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ သည် နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ အီတလီ နိုင်ငံများသို့ ဖေဖေါ်ဝရီလ ၂၅ ရက်မှ စတင်ကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။