Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တောင်-မြောက်ကိုရီးယား အခြေအနေ တင်းမာနေပေမယ့် မြန်မာ လုပ်သားများ လုံခြုံမှုရှိ

$
0
0

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ အခြေအနေ တင်းမာနေပေမယ့် တောင် ကိုရီးယားနိုင် ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အတွက်တော့ လုံခြုံမှုရှိနေဆဲဖြစ်ပြီး အစိုးရ ဘက်ကလည်း သတင်းထုတ်ပြန် ကြေညာမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရတယ်။ “အခုချိန်ထိတော့ စိုးရိမ်ဖို့ အခြေ အနေကို မရောက်သေးဘူးလို့ ထင်ပါတယ်။ တောင်ကိုရီးယား ရုပ်မြင် သံကြားနဲ့ ရေဒီ ယိုတွေကနေ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းတွေကို အရေးကြီးရင် ကြီးသ လို အဆက်မပြတ် ထုတ်ပြန်ကြေညာပေးနေပါတယ်” လို့ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ် ကိုင်နေတဲ့ ကိုဇော်မိုးအောင် က ပြောပါတယ်။ ၄င်းက “တောင်ကိုရီးယား နိုင်ငံမှာ အလုပ်လုပ် ကိုင်နေကြ တဲ့ မြန်မာနိုင်ငံသား အလုပ်သ မားတွေရဲ့ မိသားစုတွေကိုလဲ မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။ 

စိုးရိမ်မှု အနေအထားကို ရောက်ရှိလာရင် တောင်ကိုရီးယား အစိုးရက သံတမန်တွေ နဲ့ နိုင်ငံခြား သားတွေအတွက် သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြီး အသိပေး ကူညီသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ စီးပွားရေးအရ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဖက်စပ်လုပ်ကိုင်နေတဲ့ ကေဆောင် စက်မှုဇုန်မှာ မြောက်ကိုရီးယား အလုပ်သမား ၅၀၀၀၀ ကျော် လုပ်ကိုင်နေသလို တောင်ကိုရီးယားဘက်က စက်ရုံပေါင်း ၉၃ ရုံကို တည်ဆောက်ပြီး အလုပ်သမား ၅၀၀ ကျော်တို့က ဦးစီးပြီး လုပ်ကိုင်နေပါတယ်။

 လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားဦးရေ ၇၀၀၀ ကျော်ရှိနေပြီး အခြေအနေ ဆိုးရွားလာတယ်ဆိုရင် ကိုရီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံ သံရုံးကနေ တစ်ဆင့် မြန်မာနိုင်ငံသား အလုပ်သမားတွေကို ပြန်လည်ခေါ်ဆောင်သွားဖို့ ရှိတယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>