Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွဲချော်နေသော အခွန်ကောက်ခံမှုများကို တည့်မတ်ပေးမည်ဟု သူရဦးရွှေမန်းပြောကြား

$
0
0

တိုင်းပြည်နှင့် ပြည်သူ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွဲချော်နေသော အခွန်ကောက်ခံမှုများကို တည့်မတ်ပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲတွင် UMFCCI ခန်းမ၌ ကျင်းပပြုလုပ်သော အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီဝင်များ အကောက်ခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလက်မှု လုပ် ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားသည်။
အခွန်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများသည် အရေးကြီးသကဲ့သို့ အခွန်ဆိုင်ရာ အမိန့်ကြေငြာစာများမှာ အရေးကြီးကြောင်း၊ ဥပဒေတွင် မည်သို့ပြဋ္ဌာန်းသည်ဖြစ်ပါစေ အခွန်ဆိုင်ရာမှ ထုတ်ပြန်သော နည်းဥပဒေမှာ အရေးကြီးကြောင်း၊ ဘယ်ဟာကို ဘယ်နှုန်းနဲ့ကောက် ဘယ် ပစ္စည်းကို ဘယ်နှုန်းနဲ့ ဆိုတာဟာ အရေးကြီးကြောင်း၊ ထိုဥပဒေများသည် တကယ်တမ်းတွင် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြပြီး ပြည် ထောင်စု လွှတ်တော်က အတည်ပြုပြီးမှသာ ကောက်ရမည့် ကိစ္စများဖြစ်ကြောင်း၊ သို့ရာတွင် ကျွန်တော်တို့ တိုင်းပြည်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခြင်းမရှိဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနက အစိုးရအဖွဲ့သို့ တင်ပြကာ အမိန့်ကြေငြာစာဖြင့် ကောက်ခံနေသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွဲနေကြောင်း၊ ထို့အတွက် တိုင်းပြည်နှင့် လူမျိုးအတွက်မိမိ တည့်မတ်ပေးမည် ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နောက်ဆုံးအပိတ် ဆွေးနွေးရာတွင် ပြောကြားသည်။

ထိုသို့တည့်မတ်ပေးရန်အတွက် အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့ဘက်ကလည်း အခွန်ဆောင်ပါ့မည် ကောက်ပါ၊ မိမိတို့ ထမ်းဆောင်နိုင်မည့် အနေအထား မျိုးဖြစ်အောင် ကောက်ပါဟု အကြံပေးရန်လိုအပ်ပြီး အခွန်ဆိုင်ရာ စီမံခန့်ခွဲမည့်သူများကလည်း ဒီလောက်တော့ မဖြစ်သင့်ကြောင်း၊ ဒီလိုကောက်မှ ဖြစ်မည်ဖြစ်ကြောင်း၊ ရှင်းပြရန်လိုအပ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့တွေ့ကြုံရတဲ့ အတွေ့အကြုံက အခွန်ကောက်တယ်၊ အခွန်ထမ်းဆောင်တယ်၊ ဒါပေမယ့်လည်း အခွန် ထမ်းဆောင်တဲ့သူ ကလည်း အခွန် ဘယ်လိုပေးသွင်းရမယ်ဆိုတာ နားမလည်ကြဘူး၊ တချို့က မလိုအပ်တဲ့ ကိစ္စတွေ ကြောင့် အခွန်တိမ်းရှောင် ပြေးသလို အခွန် ဆောင်ပေမယ့်လည်း အစိုးရဆီ မရောက်ဘူး၊ ပေးလိုက်သူက ပေးလိုက်တယ်၊ ဒါမျိုးတွေလဲ ရှိပါတယ်အဲဒါမျိုးတွေ ပပျောက်အောင်လုပ်ဖို့ လိုပါ တယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ဧည့်သည်တော်အနေဖြင့် တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း အကောက်ခွန် ယဉ်ကျေးမှု တစ်ခုထူထောင်ရန် လိုအပ်ပြီး အခွန်ကောက်ခံခြင်း သည် ပြည်သူလူထု အကျိုးအတွက် ဖြစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်ရန် လိုအပ်ပြီး ထိုသို့နားလည်ရန် အတွက်လည်း အုပ်ချုပ်သူများ၊ အခွန်ကောက်သူများ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံသားများထံမှ အခွန်ကောက်မည် ဆိုပါက နိုင်ငံသားများ၏ ကိုယ်စားလှယ်ဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်နှင့်သာ ကောက်ခံရ မည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ပြီးခဲ့သော ကာလများ၌ အမိန့် ကြေငြာစာများကို ထုတ်ပြန်ပြီး အစိုးရအဖွဲ့၏ သဘောတူညီချက်များဖြင့် ကောက်ခံခဲ့ရာတွင် အချို့အချို့သော နယ်ပယ်များတွင် ပြဿနာ ကြီးစွာရှိခဲ့ကြောင်း၊ ဥပမာအားဖြင့် တံဆိပ်ခေါင်းခွန် ဥပဒေများ ထုတ်ပြန်၍ ကောက်ခံသောအခါ အကျိုးများစွာ မကောင်းကြောင်း သူရ ဦးရွှေ မန်းက ၎င်း၏ အဖွင့် နှုတ်ဆက်စကား ပြောကြားရာတွင်လည်း ထည့်သွင်းပြောကြား ခဲ့သေးသည်။

အခွန်ဥပဒေသည် ရှင်းလင်း လွယ်ကူသော ဥပဒေတစ်ခု ဖြစ်ရန်လိုအပ်ပြီး လက်တွေ့ကျင့်သုံးနိုင်ရန် လိုအပ်ကြောင်း၊ အခွန်ထမ်းဆောင်မည့် သူရော အခွန်ကောက်ခံမည့်သူ အတွက်ရော နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းမည့် ဥပဒေတစ်ခု ဖြစ်ရန်လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

From:မြန်မာ့ခေတ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>