Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန်လျှော့ချပေးမည့် သမ္မတကြီး၏ စေတနာ

$
0
0

မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်းများ ကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ချပေး မှုများ ပြုလုပ်ဆောင် ရွက်ပေးသွား မည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များေ ရာင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေ ကို ပြင်ပဈေး ကွက်မှာ ဈေး မကစားနိုင်ဖို့အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။ 

ဆင်းကတ်များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချ ရာတွင် ဈေးမက စားနိုင်အောင် အခွန်လျှော့ချပေးတဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေ တဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတ က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ ချနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်းများကို ဈေးပေါပေါဖြင့် လူအများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော်ကနေ အခွန်လျှော့ပေးရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ 

လက်ရှိက အိုင်တီပစ္စည်းတိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ ချပေးနိုင် ရင် ဈေးသက်သာမှု ရှိလာမှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေ ကို ဈေးနည်းနည်းနဲ့ များများအသုံးပြုနိုင်ရမှာပါ။ ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီးအ ကဲနဲ့ တွေ့တိုင်းလည်း ပြောနေပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>