Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ

$
0
0

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခ လစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီလ ကတည်းက အိမ်ရှင်တွေဆီကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး (၃၂) ဦး ရှိနေ ကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ (၆၄) ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေးသူ အရေ အတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။

မြန်မာအိမ်ဖော်အမျိုးသမီးတွေရဲ့ တစ်လလုပ်ခ လစာဟာ စင်္ကာပူ ဒေါ်လာ (၄၀၀ - ၄၂၀) အထိသာ ရကြပြီး အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့က စင်္ကာပူ ဒေါ်လာ (၃၂၀၀) ကနေ (၃၃၆၀) အထိ ရှိတာကြောင့် တစ်လ စင်္ကာပူ ဒေါ်လာ (၁၀-၂၀) လောက်သာရကြကြောင်း၊ တချို့ဆိုရင် (၈) လလောက်အထိ လစာမရဘဲ၊ အကြွေးအကျေ ဆပ်ပြီးမှသာ လစာရကြတယ်လို့ သတင်းမှာ ဖော်ပြ ထားပါ တယ်။

မြန်မာအစိုးရက အမျိုးသမီးတွေ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်အဖြစ်လုပ်ကိုင်တာတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေကို တားမြစ်ထားပေမဲ့၊ စင်္ကာပူနိုင်ငံကို အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး များလာတယ်လို့ သိရပါတယ်။

အိမ်ဖော်အလုပ်ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာ အိမ်ဖော်အဖြစ် လာရောက် လုပ်ကိုင် တဲ့ မြန်မာ အမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းလောက်သာ ရှိပေမဲ့၊ ဒီနှစ် ပထမလေးလ အတွင်း ၂၇,၀၀၀ နီးပါးအထိ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>