“သင်္ကြန်နီးလာတော့ ဖက်ရှင်ဆိုင်တွေရောင်းအားတတ်လာတာပေါ့။ အရင်ကထက် ရောင်းရတယ်။ သင်္ကြန် တွင်း လူငယ်တော်တော်များများက တီရှပ်ဝတ်ကြတာများတော့ တီရှပ်တွေ ရောင်းကောင်းတယ်။ အခု နှစ် ဘောင်းဘီဆိုရင်အခု crazy colour တွေဝယ်ကြတာများတယ်” ဟု ကိုအောင်ခိုင်ဝင်း ကပြောကြား သည်။
သင်္ကြန်တွင်း ၀တ်ဆင်ရန် ၇၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ကြားဈေးနှုန်းရှိသည့် တီရှပ်များ ရောင်း အား ကောင်း လျက်ရှိပြီး၊ ၁၀၀၀၀ကျပ်မှ၂၀၀၀၀ကျပ် ကြားဈေးနှုန်းရှိသည့် ဘောင်းဘီများ ကိုဝယ်ယူသူများပြားကြောင်း သိရသည်။
သင်္ကြန်တွင်းတွင် လူငယ်များမှာ ဦးထုပ်ဝတ်ဆင်လေ့ရှိကြရာ ယခုနှစ်တွင် ဦးထုပ်ရှေ့ ခြမ်းတွင် ကြယ်သီးများ၊ ဘော်ကြယ်များ၊ ကျောက်များတပ်ဆင်ကာ ဒီဇိုင်းထွင်ထားသည့် ဦးထုပ်များ ဈေးကွက် အတွင်းသို့ ၀င်ရောက် လာပြီး အဆိုပါ ဦးထုပ်များမှာ တန်ဖိုးတစ်သောင်းငါးထောင် ကျပ်နှင့် အထက် ရှိပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။
“ညီမကတော့ ဒီနှစ်မဏ္ဍပ်ထိုင်မှာပါ။ ဆံပင်ကိုတော့ တစ်ခေါင်းလုံး ကျစ်ဆံမြှီးကျစ်မယ်။ အရင်နှစ်တွေ တုန်းကတော့ ကျစ်ဆံမြှီးကို ရောင်စုံကြိုးတွေထည့်ပြီး ကျစ်တာခေတ်စားတယ်။ ဒီနှစ်တော့ ရောင်စုံကြိုး မထည့်ဘူး။ အခုနောက် တစ်မျိုးပေါ်နေတာရှိတယ်။ ကျစ်ဆံမြီးတွေအပေါ်မှာ ကြယ်ပုံလေးတွေတပ်မယ်” ဟု သင်္ကြန်အတွက် ပြင်ဆင်နေသူ မရွှေဇင်မေ ကပြောကြားသည်။
သင်္ကြန်အချိန် နီးကပ်နေပြီဖြစ်သဖြင့် အ၀တ်အစား ၀ယ်လိုအားတတ်နေပြီး အကျီင်္ဈေးများလည်း အနည်းငယ် တတ်လျှက်ရှိကြောင်း သိရသည်။
www.mmdailystar.com