Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

$
0
0

တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှု များကြောင့် တောင်ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအ တွက် စိုးရိမ်မှုရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေအထားတွေ တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။

မတ်လကုန်ပိုင်းတွင် မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ စိုးရိမ်မှုများ ဖြစ်ပွားကြခြင်း ဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့်တောင်ကိုးရီးယား နိုင်ငံသားများတွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း
တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ ကိုဇော်မိုးအောင် က ပြောသည်။

“မြောက်ကိုးရီးယားက ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား တနိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန်များနှင့် အလုပ်သမားများကို တစုံတရာပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရသည့် အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

ကိုးရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က ပြောသည်။

မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ်လုပ်ကိုင်ကြပြီး မြောက်ကိုရှးယား နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။

လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့် နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို မြောက်ကိုးရီးယားဘက်က လေးရက်တိုင် ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြသော်လည်း အန္တရာယ် ဖြစ်နိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။

ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီး ယား နိုင်ငံ သား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီးကြောင်း ပြောဆို ထားသလို အမေရိကန် ဘက်မှလည်း ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကလည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်းပြောဆိုထားသည်။

From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>