Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အလန်းဆုံး ဒီဇိုင်းများနှင့် ထူးခြားသော ရေပန်းများ ပါဝင်မည့် သင်္ကြန်ပွဲတော် မြန်မာနှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းကျင်းပ နွှဲပျော်မည်

$
0
0

မြန်မာနိုင်ငံမှ Forever Group နှင့် ထိုင်းနိုင်ငံမှ Index Creative Village တို့ ပူးပေါင်း၍ ထူးခြားသည့် ထာဝရသင်္ကြန် ၂၀၁၃ ပွဲတော်ကြီးကို မြန်မာ့ယဉ်ကျေးမှုများနှင့်အညီ ရန်ကုန်မြို့ရှိ မိုင်ဒါကွင်းတွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပထမဆုံး ကျင်းပသွားမည် ဖြစ်ကြောင်း၂၈-၃-၂၀၁၃ ရက်က သိရသည်။ ထိုင်းနိုင်ငံ Index Creative Village မှ သင်္ကြန်ပွဲ ဖြစ်မြောက်ရေး အတွက် စီစဉ်သူတစ်ဦးဖြစ်သည့် Mr. Narindej Thaveesangpanich က “အခုပွဲကို သင်္ကြန်ပွဲတော် တစ်ခါမှ ပါဝင်ဆင်နွှဲဖူးခြင်း မရှိသေးတဲ့ သူတစ်ယောက်လို ပျော်ရွှင်မှု အသစ်ကိုပေးမယ့် ထူးခြားတဲ့ ပွဲတော်ကြီးအဖြစ် ဖန်တီးထားပါတယ်။

 ဒါ့ပြင် ပျော်ပွဲ ရွှင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ တင်ဆက်သွားမှာ ဖြစ်ပြီး ထူးခြားတဲ့ အစီအ စဉ်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ဆုမဲတွေကို ဆွတ်ခူးနိုင်မယ့် အစီအစဉ်တွေလည်း ပါပါတယ်။ ဒီပွဲကို လာတဲ့သူက ကျွန်းလေးတစ်ကျွန်းကို ရောက်သွားသလို ခံစားရမှာ ဖြစ်တယ်” ဟု ပြောကြားသည်။ Forever Blossom Entertainment မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသူရလှိုင်က “ရေကစား မဏ္ဍပ်မှာတော့ သတ်မှတ် ခ မကောက်ပါဘူး။ ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ သီဆိုဖျော်ဖြေဖို့လည်း ပါတယ်။ အစီအ စဉ်တွေ ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ဓလေ့မပျောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ လုံခြုံရေးကို အသေးစိတ် ပြင် ဆင် ရေးဆွဲထားတယ်။

Eagle က လုံခြုံရေး ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစီမံချက်တွေ လုပ်ထားတယ်” ဟု ပြောကြား သည်။ အဆိုပါ ပွဲတော်ကြီးတွင် ဇုန်ကြီးငါးခု ပါရှိမည်ဖြစ်ပြီး အလန်းဆုံး ဒီဇိုင်းများနှင့်  ထူးခြားသော ရေပန်းကြီးများ ပါဝင်သည့် ရေကစားမဏ္ဍပ်၊ Foam Party၊ နိုင်ငံခြားမှ တင်သွင်းထားသော ဂိမ်း က စားရင်း ဆုမဲများကို ဆွတ်ခူးနိုင်မည့် မဟာသင်္ကြန် ကစားကွင်းကြီး၊ ပျော်ပါးကခုန်ပြီး ဆာလောင် မောပန်းနေသူများအတွက် စားသောက်ဆိုင်တန်းများနှင့် နားနေစရာ နေရာများ၊ Forever Thank You Concert ဂီတဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 ထာဝရသင်္ကြန်ပွဲကို MRTV-4 နှင့် Channel 7 တို့မှ နေ့စဉ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး မန္တလေး FM၊ ပဉ္စဝတီ FM တို့မှလည်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ကြိုတင် လက်မှတ်များကို www.myasiaticket.com, 1876 call center နှင့် MRTV-4 Showrooms များတွင် ဧပြီ ၂ ရက်မှ ၁၄ ရက်ထိ ဝယ်ယူနိုင်ပြီး ပွဲနေ့တွင်လည်း မိုင်ဒါကွင်းတွင် လက် မှတ်ကောင်တာများ ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပုံမှန်လက်မှတ် (ကစားနည်း ရှစ်မျိုးပါဝင်) ကို တစ် ရက်လျှင် ကျပ်တစ်သောင်း၊ ကစားကွင်း ဝင်ခွင့်လက်မှတ်ကို တစ်ရက်လျှင်၂၀၀၀ ကျပ်နှင့် ဂိမ်းလက် မှတ်ကို တစ်စောင်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဟာ သင်္ကြန် ကစားကွင်းကြီးကို ဧပြီလ ၁၉ ရက်အထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
From:ရတနာပုံ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


မအေးသောင်းတို့ညီအမ


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


လုလုအောင် HD အသစ်


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>