Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တရားဘာဝနာ ပွားများခြင်းများ မပြုလုပ်တော့ပဲ ဒေါ်စု၏ သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်

$
0
0


ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ လာရောက်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

ဤခရီးစဉ်မှာ ဒေါ်စု၏ ဒုတိယအကြိမ် ဂျပန်ခရီးစဉ်ဖြစ်ပြီး ၁၉၈၅-၈၆ ခုနှစ်က ကျိုတို တက္ကသိုလ်တွင် သုတေသန လုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန် သည့် အဆိုပါကြေညာချက်တွင် ပါရှိကြောင်း AFP သတင်းတရပ်က ဆိုသည်။

ဧပြီလလယ်အတွင်း ကျိုတိုမြို့သို့ သွားရောက်ကာ တက္ကသိုလ်များ၌ မိန့်ခွန်းများ ပြော ဆိုကာ မြန်မာနိုင်ငံ သားများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဂျပန် နိုင်ငံ အနေဖြင့် လွတ်လပ် ပွင့်လင်းလာခါစ မြန်မာနိုင်ငံအား ကုန်သွယ်ဘက် နိုင်ငံ တခုအဖြစ် ဆက် လက် အလေးထား ဆက်ဆံနေသည့် အချိန်တွင် သူ၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရ လက်ထက်ကတည်းက မြန်မာနှင့် ကုန်သွယ်မှုများအပြင် ရက်ရောသော အကူ အညီ များ ပေးခဲ့သည့်နိုင်ငံဖြစ်ကာ ယခုလည်း ဖွံ့ဖြိုးမှုနှင့် လူသားချင်းစာနာမှု အကူအညီများ အများ အပြား ပေးနေသည့် နိုင်ငံဖြစ်သည်။

ကြွေးမြီ ဂျပန်ယန်းငွေ ၃၅၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အား လျှော်ပစ်ခြင်းနှင့် အကူအညီ များ စွာ ပေးအပ်ခြင်းတို့ အပါအဝင် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထက်သန်စွာဖြင့် ကူညီထောက် ပံ့ပေး ခဲ့ကာ မြန် မာနိုင်ငံ အတွင်း တွင်လည်း ဂျပန်စီးပွါးရေး လုပ်ငန်းများ လုပ်ကိုင် လည်ပတ်လျက် ရှိနေပေ သည်။

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>