Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိန္ဒိယ၊ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံသား တစ်ဦးကို လက်နက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

$
0
0

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြန်မာဘက်ခြမ်း တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်ရန်ကျေး ရွာ(အနောက် ဘက်  ၃ မိုင်ခန့် အကွာ) နှင့် အိန္ဒိယနိုင်ငံ နန်းမလီကျေးရွာကြားတွင် ဖိုင်ရန်ကျေး ရွာသား ကိုဇော်မျိုး ကို အိန္ဒိယနယ်ခြားစောင့်တပ်ဖြစ်သည့် အာသံ-၄၄ တပ်ရင်းမှ တပ်ဖွဲ့ဝင် အချို့က လက်နယ် ငယ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တမူးလူငယ်ကွန်ယက် မှ  ပြောကြားချက်အရ သိရသည်။

ဧပြီလ၊(၂)ရက်နေ့တွင် ဖိုင်ရန်ကျေးရွာသား ကိုရဲမြင့်လှိုင်နှင့်ကိုဇော်မျိုးတို့နှစ်ဦးသည် အိန္ဒိယနိုင်ငံဖက်သို့ အမဲသားများ သွားရောက် ရောင်းချ ခဲ့ပြီး အပြန် ညနေ(၆)နာရီခန့်တွင် အာသံ (၄၄) နယ်ခြားစောင့်တပ်က လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ကိုဇော်မျိုး (အသက်  ၃၆ နှစ်ခန့်) ၏ ဘယ်နားထင်စပ်နှင့် ဘယ် ဘက်လည် ပင်းတွင် သေနတ်ဒါဏ်ရာတစ်ချက်စီ ထိမှန်ခဲ့ကြောင်း၊ကိုဇော်မြင့်ကို သေနတ်ဒင်များဖြင့် ထုရိုက် ခဲ့ ကြကြောင်း၊ ယခုအခါ ကိုဇော်မြင့်အား မြို့သစ်ဆေးရုံမှ တမူးဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ပြောင်းရွေ့ ကုသလျက်ရှိကြောင်း သိရ သည်။

သူတို့ဖက်က ကျွန်တော်တို့ဘက်လာရင် အန္တရာယ် တစ်စုံတစ်ရာမဖြစ်အောင် အစိုးရပိုင်း ကစ   စောင့်ရှောက်ပေး မှုရှိတယ်။ သူတို့ဖက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရောက်ရင် မထင်ရင် မထင် သလိုလုပ်တယ်။ အခုလိုတွေလုပ်တာ အခုမှ မဟုတ်ဘူးဟု တမူးမြို့ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
From:မြန်မာ့ခေတ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>