Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ

$
0
0




 မိတ္ထီလာ ပြည်သူများ ဒုက္ခရောက်နေချိန်တွင် ပျောက်နေသော်လည်း ၄၈ လမ်းဗလီ မီးလောင်သောအခါတွင် အစောဆုံး ထွက်ခဲ့သော ၈၈ မှ ကုလား မြအေး

 ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဗလီအနီးတစ်ဝိုက်တွင် အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တစ်ထောင်မြို့ နယ်ရှိ ရပ်ကွက် များမှ လမ်းလုံခြုံရေးများကို ဆက်လက်ထားရှိထားကြောင်း ရဲတပ်ဖွဲ့မှူး စိန်ဝေက ဆိုပါ သည်။

"၄၈ လမ်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ရယ် ဗလီရှေ့ရယ်ကို ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၄၅ ယောက် ထား ရှိပြီး လုံခြုံရေး ရယူထားပါတယ်။ ရပ်ကွက်လုံခြုံရေးက တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ ဗိုလ် တစ်ထောင်မြို့ နယ်က ၁၀ ရပ်ကွက်ရယ်၊ မီးလောင်တဲ့ ရပ်ကွက်က ၁၀ ယောက်လောက်ရယ်ဆိုတော့ အား လုံးပေါင်း ၂၈ ဦးလောက်တော့ ရှိပါမယ်" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေ က ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်က ဗလီ၏ အောက်ထပ်တွင် ထားရှိသည့် မီးအားမြှင့်စက်များကို ဗလီတာဝန် ရှိသူများမှ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် တံခါးများကို အချိန်မီ မဖွင့်နိုင် ခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် အသေးစိတ် သတင်း အချက်အလက်များကို အထက်အရာရှိများက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး စိန်လွင်က ဆက်လက်ပြောကြားသည်။

အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ဗလီမီးလောင်မှုတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာရှိ ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>