အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သုံး လတာကာလ အတွင်း နိုင်ငံခြား သားအမျိုး သမီးများ အိန္ဒိယသို့ လာရောက်လည်ပတ်မှုနှုန်း ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း
စစ်တမ်း တစ်ရပ်က ဖော်ပြထားသည်။ အိန္ဒိယကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (ASSOCHAM) ၏ စစ်တမ်းတွင် အထက်ပါအတိုင်းဖော်ပြထားပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးသမီး
ခရီးသည် လည်ပတ်မှုနှုန်း ၂၅ ရာ ခိုင်နှုန်းအထိ လျော့ကျနေကြောင်း ပါရှိသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နယူးဒေလီမြို့တော်တွင် ဘတ်စကားတစ်စီးပေါ်၌ အမျိုးသမီး တစ်ဦးအား လူခြောက်ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခြားဒေ သများတွင် လည်း အလား တူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့အတူ ပြီးခဲ့သည့်လကလည်း ဆွစ်ဇာလန်နိုင်ငံ သူတစ်ဦးလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရရာ နိုင်ငံခြား သားအမျိုးသမီးများအဖို့ အားလပ်ရက်အပန်းဖြေရန် အိန္ဒိယနိုင်ငံ အစားထိုင်းနှင့် မလေးရှားတို့ကဲ့သို့ သော နိုင်ငံများအား ပိုမိုရွေးချယ် လာကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။
နိုင်ငံတကာမှ ခရီးသွားအကြံပေးအေဂျင်စီများကလည်း ၎င်းတို့ ၏ ဧည့်သည်များအား အိန္ဒိယနိုင်ငံနှင့် ပတ်သက် ၍ သတိပေးမှုများ ပြုလုပ်နေပြီး ယင်းအချက်များသည် အိန္ဒိယ၏ ခရီးသွားလုပ်ငန်းအား အထိ နာစေ လိမ့်မည်ဟု သတိပေးထားသည်။ ယခုစစ်တမ်းကောက်ယူသည့် သုံးလတာကာလအတွင်း အမျိုး သမီးခရီးသည် ၇၂ ရာခိုင်နှုန်းက အိန္ဒိယခရီးစဉ်အား ပယ်ဖျက်ခဲ့ကြကြောင်း သိရသည်။
www.mmdailystar.com