ဓာတ်ပုံ - သမ္မတရုံး
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းသည် မြန်မာနိုင်ငံသို့ ငါး ရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ဧပြီ ၁ ရက်က နေပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိ ပါသည်။ စင် ကာပူ နိုင်ငံတွင် မြန်မာလူမျိုး သိန်း နှင့်ချီ ရှိသော်လည်း စင်္ကာပူ သမ္မတ မြန်မာ ခရီးစဉ် တွင် မြန်မာ မီဒီယာများကို အရေးတယူ ဖိတ်ကြားခဲ့ခြင်း လုံးဝ မရှိ ခဲ့ သဖြင့် မီဒီယာများ ဒေါသ ထွက် လျှက် ရှိကြောင်း သိရသည်။
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဧပြီ ၁ ရက်က နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် နည်းပညာ သင် တန်းကျောင်း ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများ၊ စင်ကာပူလုပ်ငန်း ရှင်များ မြန် မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရေး၊ ပညာရေး၊ အိုးအိမ်ဆောက်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ တွေ့ဆုံမှုသို့ ပုဂ္ဂလိက သတင်းမီဒီယာများ တက်ရောက် သတင်းရယူနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် အစိုးရ သတင်းမီဒီယာများသာ တက်ရောက် သတင်းရယူခဲ့ကြောင်း သိရသည်။
www.mmdailystar.com