Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၃ သင်္ကြန်တွင် ဒေါ်အောင်ဆန်းစုကြည် ဘုရားသွား ကျောင်းတတ်၊ ဥပုပ်သီလ စောင့်မည် မဟုတ်

$
0
0

၂၀၁၃ သင်္ကြန်တွင် ဒေါ်အောင်ဆန်းစုကြည် ဘုရားသွား ကျောင်းတတ်၊ ဥပုပ်သီလ စောင့်မည် မဟုတ်ကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်လည် ပတ်မယ် လို့ ဂျပန်အစိုး ရက ဧပြီ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ ဆယ်စုနှစ်သုံးခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ သုတေသနစာ တမ်းတခု အတွက် ရောက်ရှိနေထိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း” ခေါင်းစဉ်နဲ့ စာတမ်းကို ကျိုတို တက္က သိုလ် အနီး အဆောင်အခန်းနံပါတ် E306 မှာ ပြုစုရေးသားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် အောက်တို ဘာ ၁ ရက်နေ့ မှ ၁၉၈၆ ခုနှစ် ဇွန် ၃၀ ရက်နေ့အထိ ၉ လကြာ နေထိုင်ပြု စုရေးသားခဲ့ပါ တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးရအပြီးမှာ အဲဒီအခန်းကို ဒေါ်အောင်ဆန်းစုကြည် အခန်းအဖြစ် ဂုဏ်ပြုပြီး   ပြခန်းဖွင့်လှစ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျိုတိုမြို့ကို သွားရောက်လည်ပတ်ပြီး ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပေး မယ်လို့ မျှော်လင့်ရပြီး ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့ လည်း တွေ့ဆုံဖွယ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးအပါအ၀င် ဂျပန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ ပြီး တဲ့နောက် မြန် မာနိုင်ငံ က တင်ရှိနေတဲ့ အကြွေး ဒေါ်လာသန်းထောင်ပေါင်းများစွာကို လျော်ပ ခဲ့သလို မြန် မာနိုင်ငံနဲ့ သီလ ၀ါရေနက်ဆိပ်ကမ်းလို စီမံကိန်းအကြီးကြီးတွေမှာ ရင်နှီးမြှပ်နှံဖို့ သဘောတူထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကူအညီပေးမှုအဖြစ် အစိုးရက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ကိုယ်စား လှယ်အဖြစ် တာဝန်ပေးထားပြီး အခုလက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဂျပန်နိုင်ငံကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးနေပါတယ်။
 

From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


တာချီလိတ်မြို့တွင် MPT ဆင်းကဒ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်...


ဇင်းမယ်စစ်ပွဲအပြီး ရခိုင်သို့ ထပ်မံစစ်ချီရခြင်းအကြောင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဆင်ဖြူရှင်ရဲ့ဘုန်းမီးနေရှိန်၊


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ထက်ထက်မိုးဦးရဲ့ခင်ပွန်းဇူးထက်မြတ်ရဲ့ ပေါက်ကွဲထွက်လာတဲ့စာ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


TTA Oreo Gapp Installer


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင် မဏိပူရသို့ စစ်ချီခြင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>