Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ

$
0
0

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံရ ရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့ သည့် ကြေ ညာချက်ကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကြေညာချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှု များကို ပို မိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုးရှိသည့် အဆင့်အမြင့်ဆုံး နျူကလီးယား တိုက်ခိုက်မှု များဖြင့် ဖယ်ရှားသွားမည်ဟု ပါရှိသည်။

မြောက်ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏ အညှာမဲ့ စစ်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးစစ်ဆေး မှုများ ပြုလုပ်ပြီး စီးပြီးနောက် နောက် ဆုံး အတည်ပြုချက် ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက် ကွဲမှုကြီး ဖြစ် ပွား မည့် အချိန်သို့ အလျင်အမြန် ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသည် ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသ တင်းများ ကို ကိုးကားလျက် တောင်ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကို ရီးယား သည် တာလက် ပစ် Musudan ဒုံးကျည်ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုး တန်း သို့ ရွှေ့ပြောင်း ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေး သို့   ရောက်နိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆို သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များ အ တွက် သိသာထင်ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည်ရှိနေကြောင်း ပြောကြား ခဲ့ပြီးနောက် မြောက် ကိုရီးယား စစ်တ ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် တပ် များကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထား ပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင်အားကို B2 လျှို့ဝှက် ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေယာဉ်များဖြင့် အားဖြည့်ထားပြီး ဂူအမ်သို့ လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ထားကြောင်း သိရသည်။

မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက် ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှာ တိုက်ခိုက် ခံရနိုင်ဖွယ် ရှိနေသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင် ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည်များ ဖွံ့ဖြိုးလာနိုင် ရန် နှစ် အတန်ကြာ လိုသေးကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတာဝေး ပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင် ရာ နေ ရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထား ခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ်သမား များကို ကေဆောင် မှနေ၍ အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက်ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။

From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


မြန်မာစစ်တပ်ရဲ့...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>