၁၈-၃-၂၀၁၃ ရက်နေ့ထုတ် The Messenger ဂျာနယ်တွင် ‘‘လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် ၏ မုံရွာ ခရီးစဉ် အတွက် အရေးကြီးသော လုံခြုံရေး အစီ အမံ များကို ဆောင် ရွက်ပေး ရန် ခရီး မထွက် ခွာမီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် စိတ် ပူပန် စွာညွှန်ကြား ထားကြောင်း နိုင်ငံတော် သမ္မတ ရုံး တာဝန် ရှိသူ တစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စ် စာ မျက်နှာ တွင် ဖော်ပြ ထား သည်’’ ဟူသော သတင်း ကို ဖတ် ရသည်။
ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက် နေ့မအား၊ ညမအား၊ စိတ် မအား၊ ကိုယ်မနား စိတ်ရောကိုယ်ပါနှစ်၍ တာဝန် ထမ်းဆောင်နေသော နိုင်ငံတော် သမ္မ တကြီး သည် နိုင်ငံတော်တည်ဆောက်ရေး၌ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် နေသော NLD ဥက္ကဋ္ဌ လုံခြုံရေး အတွက် ပြည်ပခရီးမထွက်ခွာမီ စိတ်ပူပန်စွာ သတိတရညွှန်ကြားသည် မှာ နိုင်ငံတော် သမ္မတကြီး ၏ ရိုးသားဖြူစင်သောမေတ္တာ၊ စေတနာကို ထင်ရှားစွာတွေ့မြင်ရပေသည်။ အခြား အဖွဲ့အစည်း များနည်းတူ NLD လုပ်ဖော်ကိုင်ဖက်အဖြစ်ခံယူထားသော သမ္မတကြီး၏ သဘောထားကို ပွင့်လင်းမြင်သာ စွာတွေ့ ရပေသည်။
ထိုအခါ နိုင်ငံတော်သမ္မတကြီးအပေါ် NLD ဥက္ကဋ္ဌက မည်သို့သဘောထားသနည်းဟု စောကြော မိသည်။ ဖော်ပြပါ ဂျာနယ်တွင်ပင် ‘‘တရားဥပဒေချိုးဖောက်ရင်ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရအရေးယူခံရ မယ်။ ပြည် သူဘက်ကပဲ ချိုးဖောက်ချိုးဖောက်၊ အစိုးရဘက်ကပဲချိုးဖောက်ချိုးဖောက်၊ သမ္မတကြီးကပဲ ချိုးဖောက် ချိုးဖောက် တရားဥပဒေအတိုင်းအရေးယူသွားမှာပါ။ အဲဒီလိုအရေးမယူလို့ရှိရင် ဒီနိုင်ငံမှာ ဘယ်တော့မှ အေးချမ်းသာယာမှုဆိုတာမရှိနိုင်ဘူးဟုတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောသည်’’ ဟူသောသတင်းတစ်ပုဒ်ကို ဖတ်ရသည်။ သတိ မထားဘဲ သာမန်ဖတ်ရှုလျှင် ‘‘သွေးထွက်အောင်မှန်သောစကား’’ ဟုရာနှုန်းပြည့်ထောက်ခံ မိမည်မှာ သေ ချာသည်။
သို့သော်ခွဲခြမ်းစိတ်ဖြာလေ့လာလျှင် ဤစကားပြောသူ ဒေါ်အောင်ဆန်းစုကြည်သည် တရား ဥပဒေအတိုင်း အရေးယူ ခံရခြင်းမှ ကင်းလွတ်နေကြောင်း၊ ချိုးဖောက်သူများကို ၎င်းကသာ အရေးယူ မည်ဟု ဆိုလိုကြောင်း အဓိပ္ပာယ် ထွက်နေသည်။ တစ်ချိန်က သောင်းကျန်းသူများကို တပ်မတော်က ထိုးစစ် ဆင်သော အခါ သောင်းကျန်းသူခေါင်းဆောင်က ‘‘ဟေ့-ဘယ်တော့မှအရှုံးမပေးဘူးကွ၊ ငါတစ်ယောက် တည်းကျန်တဲ့ အထိ တိုက်မယ်’’ ဟုကြုံးဝါးသည်ကို သတိရမိသည်။ သာမန်နားထောင် လျှင် ဟုတ်သလို ပင်။ သေချာစဉ်း စားလျှင် ‘‘သူတစ်ယောက်တည်းကျန်ဖို့ ကျန်သူအားလုံး အသေခံ ရမည်’’ ဟူသော အဓိပ္ပာယ် သက်ရောက်နေ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာလည်း ဤသဘောပင်။
ထို့ပြင် ‘‘အစိုးရဘက်ကပဲချိုးဖောက်ချိုးဖောက်’’ ဟူသောစကားရပ်တွင် နိုင်ငံတော်သမ္မတကြီး ထိပ်ဆုံးက ပါဝင်ပြီးဖြစ် သည်ကို အားလုံးအသိပင်။ ဤသည်ကိုပင် ‘‘သမ္မတကြီးကပဲချိုးဖောက် ချိုးဖောက်’’ ဟု ဝိသေ သပြုခြင်းမှာ သမ္မတကြီးအပေါ်ထားရှိသော ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ရင်း အမှန် ကို ဖော်ပြနေခြင်း ပင်ဖြစ်သည်။ ‘‘စကားစကားပြောဖန်များ၊ စကားထဲက ဇာတိပြ’’ ဆိုရိုးရှိသည် မဟုတ် ပါလော။ ‘‘ဥပဒေ အထက်တွင် မည်သူ မျှမရှိ’’ ဟူသောစကားကိုလေးနက်စေလို၍ ‘‘သမ္မတကြီး ကပဲ ချိုးဖောက် ချိုးဖောက်’’ ဟုပြော ရခြင်းဖြစ်သည်ဟု ဆင်ခြေပေးလာငြားအံ့။
သို့ဆိုလျှင် ‘‘မိမိ(ဒေါ်အောင်ဆန်းစုကြည်)ကိုယ်တိုင်ပဲ ချိုးဖောက်ချိုးဖောက်၊ သမ္မတကြီးကပဲ ချိုးဖောက် ချိုးဖောက်’’ ဟု ‘‘ဥပဒေအရာတွင် ချွင်းချက်မရှိကြောင်း ပေါ်လွင်အောင် မပြောသင့်ပေဘူး လား’’ ဟုမေး စမ်း ချင် သည်။
သမ္မတကြီး အပေါ် ထား ရှိသော NLD ဥက္ကဋ္ဌ၏ သဘောထား အမှန်ပေါ် လွင်နေရာ မိုးကြိုးပစ် ထန်းလက် ကာရုံ မျှဖြင့် မရပါ။ မည်သို့ပင် ဆင်ခြေတက်ပါစေ၊ ဆင်သေကို ဆိတ်သားရေဖြင့်ဖုံးသကဲ့သို့ သာ ရှိပေလိမ့် မည်။
နိုင်ငံတော်သမ္မတကြီးက NLD ဥက္ကဋ္ဌ၏ လုံခြုံရေးအတွက် ပြည်ပခရီးမထွက်ခွာမီ နောက်ဆံ တင်းစွာ စိတ်ပူ ပန် သလောက် NLD ဥက္ကဋ္ဌကမူ သမ္မတကြီးအပေါ် --------------
OE
www.mmdailystar.com