Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) တစ်နှစ်တာ အကောင်းဆုံးဆု ချီးမြှင့်ပွဲ ပြုလုပ်၊အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အကောင်းဆုံး အမျိုးသမီး အသင်း နည်းပြဆုကို မြန်မာအသင်းနည်းပြ ကူမာဒါတို့ ရရှိ

$
0
0

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ (AFF Awards 2013) အခမ်း အနားကို ပြီးခဲ့သည့် ဧပြီလ (၃) ရက်က AFF ရုံးတည်ရှိရာ မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည် နယ်၊ ပတ်တလင်းဂျာရာမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

AFF သည် တစ်နှစ်တာ အကောင်းဆုံးဆုများကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ယင်းဆုများထဲမှအကောင်း ဆုံး ဘောလုံးအဖွဲ့ချုပ်ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို
မြန်မာအမျိုးသမီး အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်လူမျိုး ကူမာဒါတို့က ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား ကြည်လင်း က ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ယင်းဆုချီးမြှင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်နှင့် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ကူမာဒါတို့ တက်ရောက်ခဲ့သည်။ AFF အနေဖြင့် တစ်နှစ်တာ အကောင်းဆုံးဆုများကိုပထမဆုံးအကြိမ် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အကောင်း ဆုံး ဘောလုံးအဖွဲ့ချုပ်ဆုကို MFF၊ အကောင်းဆုံး လက်ရွေးစင် အမျိုးသားဆုကို စင်ကာပူ အသင်း၊ အမျိုးသမီး အသင်းဆုကို ဗီယက်နမ်အသင်း၊ အကောင်းဆုံး ဖူဆယ်အသင်းဆုကို ထိုင်းအသင်း၊ အကောင်းဆုံး အမျိုးသားနည်းပြဆုကို အေဘရာမိုဗစ်ခ်ျ (စင်ကာပူ)၊

အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို ကူမာဒါ (မြန်မာ)၊ အကောင်းဆုံး ကစားသမား အမျိုးသားဆု ကိုအီရှက် (စင်ကာပူ)၊ အမျိုးသမီးဆုကို ဒန်သီထရန် (ဗီယက်နမ်) တို့က ရရှိခဲ့သည်။ MFF အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ခြင်း၊ လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အမျိုးသားယူ-၂၂ အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းတို့အား အာရှခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းဘောလုံးကွင်းနှင့် အခြေခံ အဆောက်အဦများ အသစ်ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ပေးခဲ့ခြင်းအပြင် လူမှုရေးဆိုင်ရာ လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် AFF အဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံတွင် အကောင်းဆုံး
ဘောလုံးအဖွဲ့ချုပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အမျိုးသမီးနည်းပြချုပ် ကူမာဒါမှာလည်း မြန်မာယူ-၁၉ အမျိုးသမီးအသင်းအား အာရှခြေစစ် ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း၊ အမျိုးသမီး လက်ရွေးစင်အသင်းအား အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် ယင်းဆုကို ဆွတ်ခူးရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကြည်လင်းမှာလည်း ပြီးခဲ့သည့် ၂၀၁၂ူဇူကီး ဖလား ခြေစစ် ပွဲနှင့် နောက်ဆုံး အဆင့်ပြိုင်ပွဲတို့တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းတို့ကြောင့် အကောင်းဆုံး ကစားသမား (၁၁) ယောက် စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုရရှိသူများ

ဘောလုံးအဖွဲ့ချုပ်ဆု - မြန်မာ
လက်ရွေးစင် အမျိုးသားအသင်းဆု - စင်ကာပူ
လက်ရွေးစင် အမျိုးသမီးအသင်းဆု - ဗီယက်နမ်
ဖူဆယ်အသင်းဆု - ထိုင်း
အမျိုးသား နည်းပြဆု - အေဘရာမိုဗစ်ခ်ျ(စင်ကာပူ)
အမျိုးသမီး နည်းပြဆု - ကူမာဒါ(မြန်မာ)
အမျိုးသား ကစားသမားဆု - အီရှက်(စင်ကာပူ)
အမျိုးသမီး ကစားသမားဆု - ဒန်သီထရန်(ဗီယက်နမ်)
လူငယ် ကစားသမားဆု - လစ်တီဒက်(လာအို)
ဖူဆယ် ကစားသမားဆု - ဆူဖာဝက်(ထိုင်း)
အလှဆုံးဂိုးဆု - သီယာဆေးဒန်ဒါ(ထိုင်း)
(မလေးရှားနှင့်ထိုင်း၊ ဆူဇူကီး ဆီးမီးဖိုင်နယ် ပ-ကျော့)
ဒိုင်လူကြီးအမျိုးသားဆု - အဒူဘာရှီ(စင်ကာပူ)
ဒိုင်လူကြီးအမျိုးသမီးဆု - အီဘရာမီ(စင်ကာပူ)
အကူဒိုင်လူကြီးအမျိုးသားဆု- တန်ရီမူ(စင်ကာပူ)
အကူဒိုင်လူကြီးအမျိုးသမီးဆု- ၀ီဒီရာ(မလေးရှား)
တစ်သက်တာဂုဏ်ပြုဆု - ဒါတိုဆာရီ၊ (AFF ဥက္ကဋ္ဌဟောင်း)
အာဆီယံသံတမန်ဆု - ဆူတန်ဟာဂျီအာမက် (AFF လက်ရှိ ဥက္ကဋ္ဌ)
အကောင်းဆုံး(၁၁)ယောက်စာရင်း -
ဂိုး - တန်ဆက်ချာနန်(ထိုင်း)
နောက် - ငုရင်မင်ဒူ(ဗီယက်နမ်)၊ ခိုင်ဇန်(စင်ကာပူ)၊ ပါနူ ပေါင်(ထိုင်း)၊ ဘူမာတန်(ထိုင်း)
လယ် - ကြည်လင်း(မြန်မာ)၊ ရာဟင်(မလေးရှား)၊ ဖာရူ ဒင်(စင်ကာပူ)၊ ကစ်ပွန်ဆာရီ(ထိုင်း)
ရှေ့ - အီရှက်(စင်ကာပူ)၊ သီဟာဆေးဒါန်တာ(ထိုင်း)


From:MON

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles