Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အင်တာနက်ဆိုင် အချို့ ညစ်ညမ်းကားများ အလွယ်တကူကြည့်နိုင်အောင် စီစဉ်၍ သုံးစွဲသူလျော့ကျ လာမှုကို ဆွဲဆောင်မြှင့် တင်လာ

$
0
0

သုံးစွဲသူ နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့ ကွန်ပျူတာတွင် ညစ်ညမ်းဗီဒီယိုဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်မှုပြု လုပ်နေကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်လာမှုသည် အင်တာနက်သုံးစွဲမှု နည်းပါးသည့် နယ်မြို့များတွင်သာမက ရန်ကုန်မြို့ ရှိ အချက်အချာကျသည့် မြို့နယ် များတွင်ပါ ပြုလုပ်လျက်ရှိနေသည်။

”ပြီးခဲ့တဲ့လက တောင်ငူသွားတုန်းက အင်တာနက်သုံးချင်လို့ ဆိုင်သွားသုံးတယ်။ ဒက်စတော့ပေါ်မှာ ညစ်ညမ်းပုံတွေ၊ ဇာတ်ကားတွေ တွေ့ခဲ့ရတယ်။ အခု ရန်ကုန် ပြန်ရောက်တော့ ဆိုင်သွားသုံးတော့လည်း ဒီပုံစံတွေ ထပ်မြင်နေရ တယ်။ လူဝင်ဖို့သက်သက်နဲ့ အခု လိုမျိုးအရှက်သိက္ခာမဲ့ လုပ်ရပ်တွေ တော့ မပြုလုပ်သင့်ပါဘူး” ဟု လသာမြို့နယ်မှ မသက်စုအောင် က ပြောသည်။


ယင်းအပြင် အချို့အင်တာနက် ဆိုင်များမှာ ညစ်ညမ်းကားများကို ပေါ်လွင်အောင် ဒက်စတော့ပေါ် တွင် တင်မထားသော်လည်း My Computer , My Document ဖိုင်များတွင် ဖိုဒါ (Folder)များ ပြု လုပ်၍ သုံးစွဲသူကြည့်ရှုရန် ထားရှိ ပေးနေကြောင်း ပုဇွန်တောင်မြို့ နယ် လိပ်ကန်လမ်းမှ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။

”နိုင်ငံခြား မိန်းကလေးတွေ မပေါ်တပေါ် ပုံတွေတင်ထားရင် အင်တာနက်သုံးလို့ အဆင်ပြေပါ သေးတယ်။ ခုဟာက Memory Stick ထိုးပြီး My Computer ဝင်လိုက်တာနဲ့ မြင်မကောင်းအောင် ပုံတွေ တွေ့နေရပြီ။ ကိုယ်က ဆက်သုံးနေရင် စိတ်ကမလုံတော့ ဘူး။ ကိုယ်က ကြိုက်လို့ ကြည့်နေ တဲ့ပုံစံမျိုး   ပေါက်နေတယ်။ နှမချင်း ကိုယ်ချင်းမစာတဲ့ လုပ်ရပ်မျိုးနဲ့ တော့ ဝင်ငွေမရှာသင့်ပါဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တောင် လုံးပြန်ရပ်ကွက်မှ မငြိမ်းငြိမ်းက ပြောသည်။

လက်ရှိတွင်အင်တာနက် ဆိုင်အများစုမှာ ကော်နက်ရှင်ကျဆင်း ခြင်း၊ မိုဘိုင်းဖုန်းမှတစ်ဆင့် အင် တာနက်သုံးစွဲသူများပြားနေခြင်း ကြောင့် ဆိုင်တွင် လာရောက်သုံး စွဲသည့်နှုန်းမှာ ကျဆင်းနေခဲ့သည်။ ဆိုင်၏ ဝင်ငွေ၊ ထွက်ငွေရပ်တည်မှုမှာလည်း မမျှတသည့်အနေအထား တွင်ရှိနေ၍ ဆိုင်အချို့ မှာ နိုင်ငံ တကာ သို့ ဖုန်းဆက်သွယ်နိုင် မည့် Pfingo, Skype, Y-talk စသည့် စနစ်များ၊ ဂိမ်းကစားနည်းအမျိုးမျိုး နှင့် လူငယ်အမျိုးသားများ ကြိုက်နှစ်သက်စေမည့် ညစ်ညမ်းဇာတ်ကား အချို့တို့ဖြင့်ပါ ဆိုင်ရှေ့ဆက် ရပ်တည်နိုင်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။

From:Popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>